Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံတကာ နိုင်ငံရေး သတင်း

အီရန်ဝေဟင်မှာအမေရိကန် F-35 တိုက်လေယာဉ် ပစ်ခတ်ခံရ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
9
VIEWS
Share on FacebookShare on Twitter

Border News Agency
အီရန်၊ မတ် ၂၀။

​အမေရိကန်လေတပ်ရဲ့အဆင့်မြင့် Stealth နည်းပညာသုံး F-35 Lightning II တိုက်လေယာဉ်တစင်းဟာ အီရန်နိုင်ငံအလယ်ပိုင်းမှာပစ်ခတ်ခံရပြီး အပြင်းအထန် ပျက်စီးသွားတယ်လို့ CNN သတင်းက မတ်လ ၁၉ ရက်မှာ ဖော်ပြပါတယ်။

ဒါဟာ ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက စတင်ခဲ့တဲ့ စစ်ပွဲအတွင်း F-35 တိုက်လေယာဉ် ပစ်ခတ်ခံရတာကို ပထမဆုံးအကြိမ် တရားဝင် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

​အဲဒီတိုက်လေယာဉ်ဟာ အီရန်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေစဉ် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ခတ်ခံခဲ့ရတာပါ။

လေယာဉ်ဟာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပေမယ့် အရှေ့အလယ်ပိုင်းရှိ အခြေစိုက်စခန်းတခုကို အရေးပေါ် ဆင်းသက်နိုင်ခဲ့ပြီး နာရီပိုင်းအကြာမှာတော့ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ကအတည်ပြုခဲ့ပါတယ်။

​အီရန်ဘက်ကတော့ သူတို့ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ အမေရိကန်ရဲ့ အဆင့်မြင့်တိုက်လေယာဉ်ကို အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး လေယာဉ်မှာ ပျက်ကျလုနီးပါး ပျက်စီးသွားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးက အီရန်ရဲ့ကာကွယ်ရေးစနစ်တွေကို ချေမှုန်းနိုင်ပြီလို့ ပြောကြားအပြီး နာရီပိုင်းအတွင်းမှာပဲ အခုလို ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့တာပါ။

​ဒီဖြစ်ရပ်ဟာ ဒေါ်လာသန်း ၁၀၀ ကျော် တန်ဖိုးရှိတဲ့ F-35 တိုက်လေယာဉ်တွေရဲ့ Stealth (ရေဒါမမိသော) နည်းပညာအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

အမေရိကန်စစ်တပ်ဟာ လက်ရှိမှာ ဘယ်လိုလက်နက်အမျိုးအစားနဲ့ ပစ်ခတ်ခံရတာလဲဆိုတာကို စုံစမ်းစစ်ဆေးနေပြီး အီရန်ရဲ့ ကျန်ရှိနေသေးတဲ့ လေကြောင်းရန်ကာကွယ်ရေး စွမ်းဆောင်ရည်ကို ပြန်လည်အကဲဖြတ်နေပါတယ်။

​အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အီရန်နိုင်ငံအတွင်းက စစ်ရေးနဲ့ နျူကလီးယားပစ်မှတ်ပေါင်း ၂,၀၀၀ ကျော်ကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

အခုလို တိုက်လေယာဉ် ထိခိုက်မှုကြောင့် နောက်နောင် ပြုလုပ်မယ့်လေကြောင်းစစ်ဆင်ရေးတွေမှာ အန္တရာယ်ကင်းအောင် ဘယ်လိုပြင်ဆင်မလဲဆိုတာကို အမေရိကန်စစ်တပ်က အလေးထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

PrevPreviousဒေါက်တာစန်းရွှေကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေး
Nextရသေ့တောင်မှာသုံးရက်အတွင်း မိုင်းနဲ့ ဗုံးသီး ၂၀၀ ကျော် AA ရှင်းလင်းNext
Previous Post

ဒေါက်တာစန်းရွှေကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေး

Next Post

ရသေ့တောင်မှာသုံးရက်အတွင်း မိုင်းနဲ့ ဗုံးသီး ၂၀၀ ကျော် AA ရှင်းလင်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မင်းပြားမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသမီးတဦး ခြေချောင်းပြတ်

March 20, 2026

ဟော်မုဇ်ရေလက်ကြားမှာ အီရန်က သင်္ဘောတစီးကို ဒေါ်လာ ၂ သန်းလမ်းကြေးကောက်

March 20, 2026

​ကျောက်တော်မှာ ရေနစ်သေဆုံးတဲ့ မိန်းကလေးနှစ်ဦးရုပ်အလောင်းပြန်တွေ့

March 20, 2026

​မီဇိုရမ်မှာ ရူပီး ၂၃ ကုဋေကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းဆီးရမိ

March 20, 2026

မင်းပြားမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသမီးတဦး ခြေချောင်းပြတ်

ဟော်မုဇ်ရေလက်ကြားမှာ အီရန်က သင်္ဘောတစီးကို ဒေါ်လာ ၂ သန်းလမ်းကြေးကောက်

​ကျောက်တော်မှာ ရေနစ်သေဆုံးတဲ့ မိန်းကလေးနှစ်ဦးရုပ်အလောင်းပြန်တွေ့

​မီဇိုရမ်မှာ ရူပီး ၂၃ ကုဋေကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းဆီးရမိ

BNRA အဖွဲ့ဝင်ဟောင်းတချို့ကြောင့် ​ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ စခန်းမီးရှို့ခံရ

ရသေ့တောင်မှာသုံးရက်အတွင်း မိုင်းနဲ့ ဗုံးသီး ၂၀၀ ကျော် AA ရှင်းလင်း

Releated Post

မင်းပြားမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသမီးတဦး ခြေချောင်းပြတ်

March 20, 2026

ဟော်မုဇ်ရေလက်ကြားမှာ အီရန်က သင်္ဘောတစီးကို ဒေါ်လာ ၂ သန်းလမ်းကြေးကောက်

March 20, 2026

​ကျောက်တော်မှာ ရေနစ်သေဆုံးတဲ့ မိန်းကလေးနှစ်ဦးရုပ်အလောင်းပြန်တွေ့

March 20, 2026

​မီဇိုရမ်မှာ ရူပီး ၂၃ ကုဋေကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းဆီးရမိ

March 20, 2026

BNRA အဖွဲ့ဝင်ဟောင်းတချို့ကြောင့် ​ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ စခန်းမီးရှို့ခံရ

March 20, 2026
Photo - APM

ရသေ့တောင်မှာသုံးရက်အတွင်း မိုင်းနဲ့ ဗုံးသီး ၂၀၀ ကျော် AA ရှင်းလင်း

March 20, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page