Border News Agency
နေပြည်တော်၊ မေ ၅။
အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်တဲ့အဖွဲ့ဟာ မေလ ၄ ရက်နေ့ကနေပြည်တော်ကို ရောက်လာပြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ တွေ့ဆုံကာ နယ်စပ်လုံခြုံရေးအပါအဝင် နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနှစ်နိုင်ငံတပ်မတော်အကြား သင်တန်းသားစေလွှတ်ရေး၊ ပင်လယ်ရေကြောင်းကုန်သွယ်မှုလုံခြုံရေးနဲ့ရေတပ်ချင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ တိုးလုပ်သွားမှာကို အဓိကပြောခဲ့ကြတာပါ။
အဲဒီအပြင်နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေကို အရင်ကထက် ပိုလုပ်သွားဖို့လည်း ပါဝင်ပါတယ်။
နောက်ပြီး တပ်မတော်ရှေ့ဆက်လုပ်ဆောင်မယ့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးမူဝါဒပိုင်းတွေကိုလည်းရဲဝင်းဦးကပြောခဲ့ပါတယ်။
အဲဒီမှာအိန္ဒိယသံမတ်ကြီးနဲ့စစ်သံမှူးတွေတက်ကြပြီး မြန်မာကကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ တက်ခဲ့ကြပါတယ်။











