Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး အမျိုးသမီးကဏ္ဍ

အလင်းမိန်ခံရခြင်း

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ မေ ၅။

“တာလီဘန်တွေဟာ သူတို့ရဲ့သေနတ်နဲ့ စည်းကမ်းတွေသုံးပြီး အာဖဂန်အမျိုးသမီးတွေရဲ့စိတ်ဝိညာဉ်ကိုချိုးဖျက်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အားလုံးတိတ်ဆိတ်ငြိမ်းသက်သွားကြမယ်တဲ့လား။ ကျွန်မတို့ရဲ့တွန်းလှန်မှုက ရပ်တန့်နေမှာမဟုတ်ပါဘူး။”လို့ ဟာဇာရာအမျိုးသမီးသတင်းထောက်ဇာရာဂျိူယာက ပြောပါတယ်။

သူမဟာ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့က ဂါဒီးယားသတင်းစာနဲ့ အင်တာဗျူးမှာပြောခဲ့တာပါ။

“အမျိုးသမီးသတင်းထောက်တွေဆိုတာဓားစာခံတွေမဟုတ်ပါဘူး။ သူတို့တွေဟာ ကျပ်တည်းလွန်းတဲ့သတင်းတင်ဆက်မှုနယ်ပယ်မှာ သတ္တိနဲ့ခံနိုင်ရည်ကိုစွဲကိုင်ပြီးအလုပ်လုပ်နေကြတဲ့သူရဲကောင်းတွေပါ။”လို့ အာဖဂန်အမျိုးသမီးသတင်းထောက်ဝါဟိဒါဖိုင်ဇီက ဆိုပါတယ်။

သူမဟာ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ကုလသမဂ္ဂ ECOSOC ရဲ့အမျိုး သမီးဆိုင်ရာကော်မရှင် ၆၈ ကြိမ်မြောက်အစည်းအဝေးမှာပြောခဲ့တာပါ။

အဲဒီစကားတွေဟာ အာဖဂန်နစ္စတန်မှာတာလီဘန်တွေရဲ့လက်ရှိဖိနှိပ်မှုတွေအောက်က အသံတိုးတိတ်နေကြရတဲ့ အာဖဂန်အမျိုးသမီးအားလုံးကို ကိုယ် စားပြုပါတယ်။

အဲဒီအပြင် အမျိုးသမီးတွေအပေါ် မျ က်ကွယ်ပြုထားတဲ့၊အသုံးချခံဒုတိယတန်းစားလူသားမျိုးစိတ်အဖြစ်သာ မြင်ထားကြတဲ့၊ လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေကြတဲ့ပတ်ဝန်းကျင်ထဲက အမျိုးသမီးတွေရဲ့အသံတွေကိုလည်း ကိုယ်စားပြုနိုင်ပါတယ်။

ကမ္ဘာ့နေရာဒေသတချို့မှာ အမျိုးသမီးတွေကို ဖယ်ထုတ်ထားကြတဲ့ယဥ်ကျေးမှုအလေ့အထတွေဟာလက်ရှိအချိန်ထိရှိနေကြဆဲပါ။

အဲဒီလိုဖယ်ထုတ်ဖိနှပ်ခံနေကြရတဲ့အခြေအနေတွေထဲမှာ အမျိုးသမီးတွေဟာ ကျား/မ တန်းတူရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေကြရဆဲပါ။

စစ်ပွဲတွေဟာ လူ့အခွင့်အရေးအပေါ် မျက်ကွယ်ပြုထားကြတဲ့အခြေအနေအောက်မှာ အမျိုးသမီးတွေဟာထိခိုက်လွယ်တဲ့အုပ်စုတွေထဲမှာပါပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ကျပ်တည်းဖိနှိပ်ခံနေကြရတဲ့ ပတ်ဝန်းကျင်ဟာ အမျိုးသမီးတွေအတွက် ထိတ်လန့်မှု၊ မလုံခြုံမှု၊ စိုးရိမ်စိတ်နဲ့ စိတ်ဒဏ်ရာတွေကို ဖြစ်စေပါတယ်။

အာရက္ခဒေသဟာ လူမှုစီးပွားအခက်အခဲတွေ၊ ဆင်းရဲကျပ်တည်းမှုတွေအောက်မှာ အမျိုးသမီးတွေအသံတိတ်ဆိတ်နေကြရဆဲပါ။

“သာမန်အမျိုးသမီးတယောက်အဖို့ကိုယ့်နဲ့ကိုယ့်ပတ်ဝန်းကျင်ရဲ့အခက်အခဲ ဖိစီးမှုတွေနဲ့ပတ်သက်လို့တန်ပြန်ရင်ဆို င်ရပ်တည်နိုင်တဲ့အခင်းအကျင်းတွေဟာ အာရက္ခလူမှုအဆောက်အအုံထဲမှာ ဖြစ်လာနိုင်စရာဝေးနေပါသေးတယ်။”

အဲဒီလိုအနေအထားမျိုးမှာ ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်း ဩဇာအာဏာနဲ့ ချိတ်ဆက်နေကြသူတွေကြောင့်ဖြစ် လာတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ကျပ်တည်းဖိစီးမှုတွေကိုတွန်းလှန်ဖို့ဆိုတာလည်း အမျိုးသမီးတဦးအတွ က် ပိုလို့ခက်ခဲပါလိမ့်မယ်။

အမျိုးသမီးတဦးဟာ ကိုယ့်ကိုယ်တိုင်၊ ကိုယ့်မိသားစုဆွေမျိုး(သို့မဟုတ်)ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်အပေါ်ရိုက်ခတ်ခံရတဲ့အခက်အခဲတွေ ဖိစိးမှုတွေနဲ့ပတ်သ က်ပြီးကိုယ်စိတ်နှစ်ပါးတွန်းလှန်မှုတွေရှိလာရင် အသိအမှတ်ပြုပေးဖို့ခက်နေကြဆဲပါ။

အယောင်ပြ ကျား၊ မတန်းတူညီမျှမှု

အာဏာရှင်စနစ်ကိုမကြိုက်လို့၊လူသားအချင်းချင်းဖိနှိပ်တာကိုမကြိုက်လို့တွ န်းလှန်နေကြပါတယ်ဆိုတဲ့လူ့ပတ်ဝန်း ကျင်ထဲမှာ အမျိုးသမီးတွေကို ဖိနှိပ်တဲ့အလေ့အထရှိနေကြတုန်းပါပဲ။

အမျိုးသမီးတဦးဟာ ရပ်ရွာလူမှုအသို င်းအဝိုင်းအတွင်းဩဇာအာဏာနဲ့ချိတ်ဆက်နေကြသူတွေကြောင့်ဖြစ်လာတဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊အ မျိုးသမီးအခွင့်အရေးချိုးဖောက်ခံရမှုတွေ၊စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ဖော်ပြဖို့ ကြိုးစားလာတတ်ကြပါတယ်။

အဲဒီလိုဖော်ပြမှုကြောင့် လူ့ပတ်ဝန်း ကျင်ရဲ့အခက်အခဲကို ဖြေရှင်းရာမှာအ ထောက်အကူဖြစ်စေမယ့်လို့လည်းယုံ ကြည်လာတတ်ကြပါတယ်။

အဲဒီလိုအာဏာရှင်စနစ်ကို တော်လှန်နေ ကြတဲ့လူ့ပတ်ဝန်းကျင်ကိုယ်တိုင်ကပဲ ဘယ်လိုပဲတန်းတူညီမျှမှုကိုရွတ်ပြနေပါစေ…လူ့ပတ်ဝန်းကျင်ရဲ့ခက်ခဲမှုတွေကို ဖော်ထုတ်တောင်းဆိုလာတဲ့အမျိုး သမီးတွေကိုချနင်းချေဖျက်ဖို့ ကြိုးစားတတ်ကြတဲ့အလေ့အထမျိုးရှိနေတတ်ကြတယ်ဆိုတာကို လူသားသမိုင်းအဆ က်ဆက်က သက်သေပြထားပါတယ်။

တော်လှန်ရေးကတော်လှန်ရေးကို ပြန်သတ်ဖြတ်မှု သို့မဟုတ် အိုလမ်(ဖ်)ဒီဂူရှ်စ်

လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာသုံးဆယ်ကျော်ခန့်က သက္ကရာဇ် ၁၇၉၀ ခန့်မှာ ပြင်သစ်တော်လှန်ရေးစတင်နေပါပြီ။

ဆင်းရဲငတ်ပြတ်နေကြတဲ့ပြင်သစ်လူထုကိုစာနာမှုကင်းစွာ ဖိနှိပ်ကြမ်းကြုတ်နေ တဲ့ဘုရင်လူဝီ ၁၆ ကိုလည်း ခေါင်းဖြတ် သတ်လိုက်ကြပါပြီ။

ဘုရင်လူဝီ ၁၆ ခေါင်းဖြတ်သတ်ခံရတဲ့ ၁၉၇၃ ခုနှစ်ဟာ မြန်မာလူ့ဘောင်မှာတော်ဘိုးတော်မောင်ဝိုင်းအုပ်ချုပ်နေ တဲ့အချိန်ပါ။

အာရက္ခဒေသမှာတော့ နောက်ဆုံးဘုရင်မဟာသမ္မတရာဇာဖမ်းဆီးခံရပြီးဆယ့်တလကြာကာလပါ။

အဲဒီအချိန်ကာလမှာ ပြင်သစ်လူ့အဖွဲ့အစည်းဟာ သမိုင်းအချိုးအကွေ့တခုကို ဖြတ်သန်းနေပါပြီ။

၁၉၇၃ ခုနှစ်မတိုင်ခင်ကပင် အုပ်ချုပ်သူလူတန်းစားရဲ့ရက်စက်ဖိနှိပ်မှုတွေကို ပြန်လည်တွန်းကန်ဖို့ အရှိန်ပြန်ယူနေပါပြီ။

အုပ်ချုပ်သူဘုရင်နဲ့မူးမ​တ်တွေရဲ့လုပ်ပိုင်ခွင့်ကိုကန့်သတ်ပြီး ပြည်သူလူထုရဲ့ အာဏာကို ဗဟိုပြုတဲ့လူမှုပဋိညာဉ် ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာအယူအ ဆဟာ ပြင်သစ်လူ့အဖွဲ့အစည်းထဲမှာ အားကောင်းနေပါပြီ။

အပြောင်းအလဲကို လိုလားတဲ့ဥပဒေပြုအမတ်တချို့နဲ့ပညာတတ်​တွေ၊လူလ တ်တန်းစားတွေက “ဖွဲ့စည်း ပုံအခြေခံဥပဒေရဲ့မိတ်ဆွေတွေအသင်း(Society of the Friends of the Constitution)”ကို တည်ထောင်ပါတယ်။

အဲဒီအသင်းကို ဂျေကိုဘင်ကလပ် (Jacobin Club)လို့ လူသိများပါတယ်။

ဂျေကိုဘင်ကလပ်ရဲ့ မူလရည်ရွယ်ချ က်က အုပ်ချုပ်သူလူတန်းစားကို လူမှုပဋိညာဉ်နဲ့ကန့်သတ်ထားဖို့ပါ။

ဒါပေမယ့် အုပ်ချုပ်သူလူတန်းစားတွေက ပြည်သူလူထုကို ဂုတ်သွေးစုတ်နေမှုတွေ ဆက်ရှိနေပါတယ်။

ဂျေကိုဘင်ကလပ်ကိုလည်း အလုပ်သမား၊ လယ်သမားအောက်ခြေလူထုကပါ ထောက်ခံလာပါတယ်။

ဂျေကိုဘင်ကလပ်နောက်ပိုင်းမှာတော့ ဘုရင်စနစ်ကို အပြီးပိုင်ဖျက်သိမ်းပြီး အားလုံးတန်းတူညီမျှရှိတဲ့သမ္မတနိုင်ငံတည်ထောင်ဖို့ ရည်ရွယ်ချက်အဖြစ်ထားလာပါတယ်။

ဂျေကိုဘင်ကလပ်ထဲမှာ အတွေးအခေါ်အုပ်စုနှစ်ခုကွဲလာပါတယ်။မွန်တာညာ ( Montagnards)နဲ့ဂျီရွန်ဒန်(Girondins) ဆိုပြီးပါ။

အဲဒီအုပ်စုနှစ်ခုစလုံးက တန်းတူညီမျှရှိတဲ့သမ္မတနိုင်ငံတည်ထောင်ဖို့ကို လက်ခံကြပါတယ်။

သူတို့ကွဲပြားချက်က မွန်တာညာတွေက လယ်သမား၊အလုပ်သမားနဲ့ဆင်းရဲသားတွေ ပါဝင်မှုပိုများပါတယ်။

ဂျီရွှန်ဒန်တွေက ပညာတတ်တွေနဲ့လူလတ်တန်းစားတွေ များပါတယ်။

တန်းတူညီ​​မျှတဲ့သမ္မတနိုင်​ကို မွန်တာညာတွေက ဗဟိုချုပ်ကိုင်မှုပိုရှိတဲ့ အစိုး ရအဖွဲ့ပုံစံနဲ့သွားလိုပါတယ်။

ဂျီရွန်ဒန်တွေက ဒေသန္တရအာဏာခွဲဝေမှုတွေနဲ့သွားလိုပါတယ်။

မွန်တာညာတွေက လူမှုရေး၊စီးပွားရေးနဲ့စျေးကွက်မှာ အစိုးရတင်းတင်းကျပ် ကျပ်ကိုင်တွယ်ထိန်းကျောင်းဖို့ကိုလိုလားပါတယ်။

ဂျီရွန်ဒန်တွေက မွန်တာညာတွေရဲ့ ကုန် ပစ္စည်းတွေကို အတင်းအကျပ်စျေးနှုန်းသတ်မှတ်တာမျိုးနဲ့ စျေးကွက်ကို ထိန်းချုပ်တာမျိုးကိုမလိုလားဘဲ စျေးကွက်ကို လွတ်လပ်စေချင်ကြပါတယ်။

နိုင်ငံရေးပိုင်းမှာ မွန်တာညာတွေက အလုပ်ဖြစ်ရင်ရပြီဆိုတဲ့ပုံစံမျိုးနဲ့သွားပါတယ်။

ဂျီရွန်ဒန်တွေက စည်းမျဉ်းစည်းကမ်းတွေနဲ့ချဉ်းကပ်လိုပါတယ်။

အဲဒီအချိန်ကာလတုန်းက ပြင်သစ်လူ့ အဖွဲ့အစည်းရဲ့အောက်ခြေလူတန်းစားဟာ အုပ်ချုပ်သူလူတန်းစားရဲ့ကမ်းကု န်အောင်ရက်စက်မှုကို ငရဲလိုခံစားနေရပါတယ်။

အဲဒါကြောင့် အောက်ခြေလူတန်းစားရဲ့ ခံပြင်းမှုဟာ များပြားသိပ်သည်းနေပါတယ်။

ပြင်သစ်ပညာတတ်အလွှာနဲ့လူလတ်တန်းစားအလွှာမှာ တန်းတူညီမျှရေးနဲ့ လူမှုပဋိညာဉ်အယူအဆအားကောင်းနေပါတယ်။

ဂျီရွန်ဒန်တွေက စံနှုန်း၊ တန်ဖိုး၊ ကျင့်ဝတ်တွေကို ပြောနေပေမယ့် စကားလုံးတွေဟာ မွန်တာညာတွေအတွက် အာရုံနှောက်စရာတွေ၊ခေါင်းရှုပ်စရာတွေသာ ဖြစ်နေပါတယ်။

အဓိကကွာခြားချက်က မွန်တာညာတွေကတန်းတူညီမျှမှုရှိတဲ့စံပြလူ့အဖွဲ့အစ ည်းကို တည်ဆောက်ဖို့ဆိုရင်”အကြမ်းဖက်မှုဟာလိုအပ်ချက်(The Necessity of Terror)”လို့ ခံယူကြပါတယ်။

ပြင်သစ်တော်လှန်ရေးကို ဆန့်ကျင်သူတွေနဲ့ပြင်သစ်ရဲ့ပြည်တွင်း၊ပြည်ပရန် သူတွေကို ရင်ဆိုင်ရာမှာ ပြင်းထန်တဲ့အပြစ်ပေးအရေးယူမှုတွေနဲ့ကြောက်ရွံ့ထိ တ်လန့်မှုတွေ(The Reign of Terror) လို အပ်တယ်လို့ မွန်တာညာတွေက ခံယူပါတယ်။

ဂျီရွန်ဒန်တွေက တန်းတူညီမျှမှုရှိတဲ့စံ ပြလူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ဆိုရင် ဥပဒေရေးရာခိုင်မာမှုနဲ့စနစ်တကျ ပြုပြင်ပြောင်းလဲရေး (Rule of Law and Order)ကိုတည်ဆောက်ရမယ်လို့ ခံယူကြပါတယ်။

အဲဒါဟာ လူ့အဖွဲ့အစည်းနဲ့နိုင်ငံတော်ကို ကယ်တင်ဖို့နဲ့ ကောင်းမြတ်တဲ့သီလ (Virtue)ပေါ် အခြေခံစံပြသမ္မတနိုင်ငံထူထောင်ဖို့အတွက် မရှိမဖြစ်လိုအပ်ချ က်ကိုချဉ်းကပ်ရာမှာ မွန်တာညာနဲ့ဂျီရွန်ဒန်ရဲ့ကွဲပြားတဲ့ရှူမြင်ချက်ဖြစ်ပါတယ်။

အဓိက အနက်ရှိုင်းဆုံးအငြင်းအခုံက ပြင်သစ်တော်လှန်ရေးရဲ့ အဓိပ္ပါယ်က ဘာလဲနဲ့ ပြင်သစ်တော်လှန်ရေးကို ဆန့်ကျင့်မှု ဆိုတဲ့သတ်မှတ်ချက်အဓိပ္ပါယ် က ဘာလဲဆိုတဲ့မွန်တာညာတွေအပေါ် ဂျီရွန်ဒန်တွေက မေးခွန်းထုတ်မှုပါပဲ။

အဲဒီအဓိပ္ပါယ်ဖွင့်မှုတွေကို မွန်တာညာတွေရဲ့အလုပ်ဖြစ်ရင်ပြီးပြီဆိုတဲ့ တော် လှန်ရေးအပေါ် ချဉ်းကပ်မှုနဲ့ စိတ်ခံစားချက်အဓိပ္ပါယ်ဖွင့်မှာကို ဂျီရွန်ဒန်တွေက မလိုလားကြပါဘူး။

ပြည်သူလူထုအပေါ်ရက်စက်မှုနဲ့အ ကြောက်တရားဟာ တော်လှန်ရေးရဲ့ လိုအပ်ချက်ဖြစ်တယ်လို့ ခံယူထားကြတဲ့မွန်တာညာတွေက သူတို့စိတ်မှာ မကြည်တဲ့သူတွေကို မထင်ရင်မထင်သလိုအပြစ်ပေးအကြောက်တရားရိုက်သွင်းခွင့်ရကြတဲ့အခင်းအကျင်းမျိုးကို ဂျီရွန်ဒါတွေက မလိုလားကြပါဘူး။

အဲဒါကြောင့်လည်း မွန်တာညာတွေ ဖွဲ့ စည်းလာမယ့် ပြည်သူ့တော်လှန်ရေး တ ရားရုံး(Revolutionary Tribunal)ဖွဲ့စ ည်းမှုနဲ့ပြည်သူ့ဘေးကင်းရေးကော်မ တီ(Committee of Public Safety) ကို ဆန့်ကျင်ကြပါတယ်။

ဂျီရွန်ဒါတွေတွေးခဲ့အတိုင်းပါပဲ။မွန်တာညာတွေဟာတော်လှန်ရေးကို ဆန့်ကျင်သူလို့ သံသယရှိသူတိုင်းကို ဥပဒေမဲ့လို က်လံ ဖမ်းဆီးကွပ်မျက်ခဲ့တဲ့အချိန်ကာ လ(The Reign of Terror)ကို စတင်ပါတော့တယ်။

အဲဒီတော်လှန်ရေးကို ဆန့်ကျင်သူဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ပါသလဲ။ ဘယ်လိုမှ ထွေထွေထူးထူးဖွင့်မနေပါဘူး။အုပ်ချုပ်သူ မူးမတ်ဟောင်းတွေဟာ သစ္စာဖောက်ဖြစ်ကြပါတယ်။

အဲဒါကြောင့် မူးမတ်ဆွေမျိုးသားချင်းနဲ့ သူ့အသိုင်းအဝန်းဟာလည်း သစ္စာဖော က်ဖြစ်တယ်ဆိုပြီး အပြစ်လုပ်သူကိုရောဘာအပြစ်မှမရှိသူကိုလည်းအကုန်ခေါင်းဖြတ်စက်ထဲကို ပို့ပါတော့တယ်။

အဲဒီမူးမတ်တွေနဲ့အသိုင်းအဝိုင်းတွေကို ခေါင်းဖြတ်ကွပ်မျက်တာကို စိတ်မကောင်းမဖြစ်ကြရပါဘူး။

အဲဒီလိုစိတ်မကောင်းဖြစ်ရင်သူကိုလည်းခေါင်းဖြတ်ပါတယ်။

ပြင်သစ်နိုင်ငံကို မစွန့်ခွာရ၊စွန့်ခွာသူတွေကို ခေါင်းဖြတ်သတ်ပါတယ်။

မူးမတ်တွေရဲ့လယ်ယာထဲမှာ ကုန်းရုန်းပြီးအလုပ်လုပ်နေခဲ့ကြရတဲ့ဆင်းရဲ သားတွေကိုလည်း မူးမတ်တွေကို အလု ပ်အကျွေးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခေါင်းဖြတ်သတ်ကြပါတယ်။

သမ္မတနိုင်ငံအတွက် အလုပ်လုပ်နေကြတဲ့သူတို့လုပ်ရပ်ကို ဝေမဖန်နဲ့ ဝေဖန်ရင် ခေါင်းဖြတ်သတ်မယ်ဆိုတဲ့ထိဖြစ်လာပါတယ်။

အဲဒီလိုနဲ့ သူတို့ကို ဝေဖန်နေကြတဲ့ဂျီရွန်ဒါတွေကိုလည်း ခေါင်းဖြတ်သတ်ကြပါတော့တယ်။

အိုလမ်(ဖ်)ဒီဂူရှ်စ်ဟာ ပြင်သစ်တော်လှန်ရေးကာလမှာ ပေါ်ထွက်လာတဲ့နိုင်ငံ ရေးအတွေးအခေါ် ပညာရှင်အမျိုးသ မီးပါ။

ပြင်သစ်ဘာသာစကားအရ အမျိုးသမီးနိုင်ငံသား”Citoyenne” ဆိုတဲ့စကားလုံးကို သူမဟာတောက်လျှောက် အသုံးပြုခဲ့ပါတယ်။

သူမခံယူချက်က ပြင်သစ်တော်လှန်ရေးအခြေခံမူတွေကို ယုံကြည်ပါတ ယ်။

လွတ်လပ်မှု(Liberty)၊တန်းတူညီမျှမှု(Equality)နဲ့ ညီရင်းအစ်ကိုသဖွယ် ပေါင်းစည်းမှု(Fraternity)ဟာ ပြင်သစ် တော်လှန်ရေးရဲ့အနှစ်သာရဖြစ်ပါတ ယ်။

အဲဒီအနှစ်သာရကို အမျိုးသားတွေအ တွက်သာမက အမျိုးသမီးတွေအပါအ ဝင် လူသားအားလုံးအတွက် အပြည့်အဝအသုံးချသင့်တယ်လို့ သူမယုံကြည်ပါတယ်။

လူအချင်းချင်းအတူတူ အသားအရောင်မခွဲခြားသင့်ဘဲ ကျွန်စနစ်ကို ဖျက်သိမ်းဖို့ကိုလည်း သူမတောင်းဆိုပါတယ်။

ပြင်သစ်လူ့အဖွဲ့အစည်းရဲ့လူမှုရေး၊စီး ပွားရေးချို့ယွင်းချက်တွေကို ပြုပြင်ပြောင်းလဲဖို့ သူမတောင်းဆိုပါတယ်။

ပြင်သစ်လူ့အဖွဲ့အစည်းဟာဆင်းရဲနွမ်း ပါးသူတွေကိုကူညီထောက်ပံဖို့၊ မိခင်တွေ၊ လင်မယားကွာရှင်းပြတ်စဲမှုကြောင့်အခက်အခဲကြုံနေကြရတဲ့အမျိုးသမီးတွေကို ကူညီထောက်ပံ့မှုတွေပေးကြတဲ့ ခေတ်သစ်လူ့အဖွဲ့အစည်းဖြစ်သင့်တယ်လို့ မြင်ပါတယ်။

အဲဒါကြောင့် သူမက…

“- အိမ်ထောင်ပြုခြင်းဆိုင်ရာဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့။

  • တရားမဝင် မွေးဖွားလာတဲ့ကလေးသူ ငယ်တွေအတွက် တန်းတူအခွင့်အရေးပေးဖို့။
  • အလုပ်လက်မဲ့တွေအတွက် နိုင်ငံတော်က အလုပ်ရုံတွေကို ဖွင့်လှစ်ပေးဖို့။”စတာတွေကို တောင်းဆိုပါတယ်။

၁၇၉၁ ခုနှစ်မှာ အမျိုးသမီးနဲ့အမျိုးသ မီးနိုင်ငံသူတွေရဲ့အခွင့်အရေးကြေညာ စာတမ်း”Declaration of the Rights of Woman and of the Female Citizen” ကို သူမ ရေးသားထုတ်​​ဝေခဲ့ပါတယ်။

အားနည်းသူတွေဘက်က အမြဲတန်းရ ပ်တည်တတ်တဲ့သူမရဲ့ဗီဇက ပြင်သစ်အာဏာကို ယူထားတဲ့မွန်တာညာတွေနဲ့ ထိပ်တိုက်တွေ့လာပါတယ်။

မွန်တာညာတွေရဲ့(The Reign of Terror)ဖြစ်စဉ်ကြီးပေါ်လာပြီး မထင်ရင်မထင်သလို စွပ်စွဲပြီးခေါင်းဖြတ်စ က်ထဲပို့ခံနေကြရတဲ့အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ဘာအပြစ်မှ မလုပ်ထားတဲ့မူးမတ်မျိုးရိုးတွေအတွက် မွန်တာညာတွေကို ဆန့်ကျင်ပါတော့တယ်။

သူမဟာ ဓား၊လှံ၊လက်နက်နဲ့ ဆန့်ကျင်ခဲ့တာမဟုတ်ပါဘူး။သူမရဲ့ လက်နက်က အတွေးအခေါ်၊နှလုံးသားနဲ့ ကလော င်တံပဲ ဖြစ်ပါတယ်။

စင်မြင့်နဲ့ကွပ်မျက်စင် (Scaffold and Tribune)

သူမရဲ့အတွေးအမြင်အပေါ် သရော်ကြတဲ့အခါ သူမပြန်ပြောခဲ့တဲ့စကားကမ္ဘာကျော်ခဲ့ပါတယ်။

“တော်လှန်ရေးကိုကယ်တင်ဖို့၊လူ့အဖွဲ့ အစည်းတရပ်နဲ့ နိုင်ငံတော်ကို ကယ်တ င်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ အမျိုး သမီးဖြစ်နေပါစေ သူမကို ကွပ်မျက်စင် (scaffold)ပေါ်သို့ ပို့သင့်ရင် ပို့ရမယ်ဆိုရင်၊အဲဒီ အကြောင်းပြချက်ထဲမှာ ကွပ် မျက်စင်ပေါ်အပို့ခံရတဲ့အမျိုးသမီးမှာလည်း မိန့်ခွန်းပြောစင်(speaker’s platform)ပေါ် တက်ရောက်ဖို့ အခွင့်အ ရေးဟာလည်း အာမခံချက်အနေနဲ့ ပါသင့်တယ်။”လို့ ဆိုပါတယ်။

မွန်တာညာတွေဟာ သူမကို ​ခေါင်းဖြတ် စက်ဆီ ပို့ခဲ့ပါတယ်။

သူတို့ကတော့ တော်လှန်ရေးကို သစ္စာ ဖောက်တဲ့စုန်းမတကောင်ကို ရှင်းပစ်တာလို့ အကြောင်းပြကြပါတယ်။

ပြင်သစ်ရဲ့ဆိုးဝါးတဲ့ဘုရင်ကို တော်လှန်တဲ့တော်လှန်ရေးသမားတွေက သူမကို သတ်ပစ်ခ့ဲကြပါတယ်။

ရက်စက်မှုနဲ့အကြောက်တရားကို ခုံမင်တဲ့တော်လှန်ရေးက နူးညံသိမ်မွေ့တဲ့ တော်လှန်ရေးကို သတ်ဖြတ်ပစ်လိုက်ကြပါတယ်။

အဲဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာကျော်က ဖြစ်ပျက်ခဲ့တဲ့သမိုင်းပါ။

ခေတ်သစ်ပြင်သစ်သမိုင်းမှာတော့ အိုလမ်(ဖ်)ဒီဂူရှ်စ် (Olympe de Gouges) ကို ပြင်သစ်လူ့အဖွဲ့အစည်းက အမြတ် တနိုးထားခံနေကြရဆဲပါ။

သူမပုံကို “ဖြတ်တောက်ထားသောဆံ ပင်နဲ့လည်ပင်းရှည်(Symbolic Hair and Neck)”အဖြစ်လည်း ပုံဖော်ကြပါတယ်။

ဆံပင်ကို တဖက်မှာ ရှည်လျားပေါ့ပါးစွာထားပြီးကွပ်မျက်စင်ကြောင့် ​ပြတ်ကျသွားတဲ့လည်ပင်းဘေးဘက်က ဆံ ပင်ကိုဖြတ်တောက်ထားတဲ့ပုံစံနဲ့သူမရုပ်ပုံကို အနုပညာလက်ရာဘက်က ဖန်တီးကြပါတယ်။

အာဖဂန်မှာ တာလီဘန်တွေကတော့ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေ၊ အသံတွေဖော်ပြခွင့်ရှိတဲ့လူမှုပတ်ဝန်းကျင်ကို လက်ရှိလုံးဝအမှောင်အတိချထားလိုက် ပါပြီ။

အာရက္ခဒေသမှာလည်း လက်ရှိအခက် အခဲတွေကြားထဲမှာ အမျိုးသမီးတွေရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊အ မျိုးသမီးအခွင့်အရေးတွေ၊ကိုယ်စိတ်နှစ်ပါးထိခိုက်ခံစားရမှုအသံတွေတိုးတိတ်နေကြရပါပြီ။

ပြင်သစ်က မွန်တာညာတွေတွေးခဲ့သလို တွေးနေကြတဲ့သူတွေကတော့ အမျိုးသမီးရယ်မှ မဟုတ်ပါဘူး။ တခြားဘယ်သူ မဆိုအသံထွက်လာမှာကိုလိုလားကြမှာ မဟုတ်ကြပါဘူး။

အဲဒီလိုအနေအထားမျိုးမှာ အာရက္ခဒေ သက အမျိုးသမီးတွေရဲ့အသံတွေ ဖော်ထုတ်ခွင့်အတွက်တော့ အမှောင်ချထားခံရတာမျိုးမဟုတ်ပေမယ့်အလင်းရော င်ကတော့ အင်မတန်မှ မိန်ဖျော့ဆုတ် ယုတ်နေကြဆဲပါ။

အိုလမ်(ဖ်)ဒီဂူရှ်စ် (Olympe de Gouges)

  • https://en.wikipedia.org/wiki/Olympe_de_Gouges

အာဖဂန်ကိုးကားလင့်

  • https://www.theguardian.com/society/2021/sep/22/zahra-joya-the-afghan-reporter-who-fled-the-taliban-and-kept-telling-the-truth-about-women
  • https://www.unesco.org/en/articles/women-journalists-are-not-victims-we-are-heroes-affirm-afghan-women-journalists-commission-status

PrevPreviousအိန္ဒိယ-မြန်မာ စစ်ရေးပေါင်းလုပ်မယ်
Next​ထိုင်းမှာ လစာမရလို့ အလုပ်ရှင်ကိုသတ်တဲ့ မြန်မာ ၄ ဦးအဖမ်းခံရNext
Previous Post

အိန္ဒိယ-မြန်မာ စစ်ရေးပေါင်းလုပ်မယ်

Next Post

​ထိုင်းမှာ လစာမရလို့ အလုပ်ရှင်ကိုသတ်တဲ့ မြန်မာ ၄ ဦးအဖမ်းခံရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အိန္ဒိယ-မြန်မာ စစ်ရေးပေါင်းလုပ်မယ်

May 5, 2026
Ref/Photo - Al Jazeera

အမေရိကန်စစ်သင်္ဘောကို ဒုံးကျည်နဲ့ပစ်ခတ်နိုင်ခဲ့တယ်လို့အီရန်ဆို

May 5, 2026
ဓာတ်ပုံ - NUG

​ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ပဲခူးတိုင်းစစ်ဌာနသို့ ကွင်းဆင်းစစ်ဆေး

May 5, 2026

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ကုန်သွယ်ရေးသင်္ဘောနှစ်စင်း ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့

May 5, 2026

​ထိုင်းမှာ လစာမရလို့ အလုပ်ရှင်ကိုသတ်တဲ့ မြန်မာ ၄ ဦးအဖမ်းခံရ

အလင်းမိန်ခံရခြင်း

အိန္ဒိယ-မြန်မာ စစ်ရေးပေါင်းလုပ်မယ်

အမေရိကန်စစ်သင်္ဘောကို ဒုံးကျည်နဲ့ပစ်ခတ်နိုင်ခဲ့တယ်လို့အီရန်ဆို

ဘန်ကောက်မဗာအစိုးရမီးခိုးသုံးပြီး Bitcoin တူးတဲ့မြန်မာအမျိုးသမီးတဦး ဖမ်းဆီးခံရ

​ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ပဲခူးတိုင်းစစ်ဌာနသို့ ကွင်းဆင်းစစ်ဆေး

Releated Post

​ထိုင်းမှာ လစာမရလို့ အလုပ်ရှင်ကိုသတ်တဲ့ မြန်မာ ၄ ဦးအဖမ်းခံရ

May 5, 2026

အလင်းမိန်ခံရခြင်း

May 5, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အိန္ဒိယ-မြန်မာ စစ်ရေးပေါင်းလုပ်မယ်

May 5, 2026
Ref/Photo - Al Jazeera

အမေရိကန်စစ်သင်္ဘောကို ဒုံးကျည်နဲ့ပစ်ခတ်နိုင်ခဲ့တယ်လို့အီရန်ဆို

May 5, 2026

ဘန်ကောက်မဗာအစိုးရမီးခိုးသုံးပြီး Bitcoin တူးတဲ့မြန်မာအမျိုးသမီးတဦး ဖမ်းဆီးခံရ

May 5, 2026
ဓာတ်ပုံ - NUG

​ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ပဲခူးတိုင်းစစ်ဌာနသို့ ကွင်းဆင်းစစ်ဆေး

May 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page