Border News Agency
နေပြည်တော်၊ မတ် ၃၁။
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့မှာပါဝင်တဲ့ ပြည်သူ့လွှတ်တော်နဲ့အမျိုး သားလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒုတိယသမ္မတတဦးစီကို ရွေးချယ်ဖို့အ တွက် မတ်လ ၃၁ ရက်၊ဒီနေ့မနက်က ဆန္ဒမဲပေးကြပါတယ်။
နေပြည်တော်ရှိ လွှတ်တော်မှာ မဲပေးတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေမဲပေးကြတာပါ။
အဲဒီမဲပေးရွေးချယ်မှုမှ ပြည်သူ့လွှတ် တော်က ဒုတိယသမ္မတတဦးနဲ့ အမျိုး သားလွှတ်တော်က ဒုတိယသမ္မတတဦးကို အတည်ပြုသွားမှာပါ။
အဲဒီရွေးချယ်ပွဲဟာ နိုင်ငံတော်သမ္မတသစ်တင်နိုင်ဖို့အတွက် အဓိကကျပါတယ်။
အဲဒီမဲရလဒ်တွေ ထွက်ပေါ်လာပြီးရင်အ တည်ပြုချက်ရတဲ့ဒုတိယသမ္မတလော င်းတွေထဲကနိုင်ငံတော်သမ္မတကို ဆက်ရွေးသွားမှာပါ။













