Border News Agency
နေပြည်တော်၊ ဧပြီ ၆ ။
တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတကပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန ၃၁ ခုနဲ့ ပြည်ထောင်စုဝန်ကြီး ၃၀ ဦး သတ်မှတ်ဖွဲ့စည်းဖို့ အဆိုပြုတင်ပြခဲ့ပါတယ်။
အဲဒီဝန်ကြီးဌာနသစ်တွေထဲမှာ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးရေးရာ၊လူငယ်ရေးရာနဲ့ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတွေအသစ်ပါဝင်လာတာကို တွေ့ရပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ၉ ဦး သတ်မှတ်ဖို့နဲ့ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေးကိုခန့်အပ်ဖို့လည်းလွှတ်တော်ကို တင်ပြထားပါတယ်။
ဒါ့အပြင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ်ဦးသန်းစိုးအပါအဝင် အဖွဲ့ဝင်၁၅ ဦး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ်ဦးအောင်ဇော်သိန်းအပါအဝင် ၉ ဦးကို ခန့်အပ်ဖို့ အဆိုပြုခဲ့ပါတယ်။
ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦးနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဒေါ်နိုင်တင်ဦးတို့ကို ခန့်အပ်တာဝန်ပေးဖို့လွှတ်တော်ကိုတင်ပြခဲ့ပြီး အတည်ပြုချက်ရယူသွားမှာ ဖြစ်ပါတယ်။






