Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် ဆောင်းပါး မြောက်ဦးခရိုင် အာရက္ခဒေသ

စစ်ပွဲ၊လိင်မှတဆင့်ကူးစက်သောရောဂါများနှင့် သတင်းအချက်အလက်ဖုံးကွယ်မှုများ

Author picture

By

Swe Zin Htike
Reading Time: 4 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ သြဂုတ် ၂၁။

စစ်ပွဲများအတွင်း လူသေဆုံးမှု၊အိုးအိမ်ပျက်စီးမှုနှင့် အစာရေစာပြတ်လပ်မှုတို့ကို အများအားဖြင့် မကင်းနိုင်သောဘေးအန္တရာယ်များအဖြစ် မြင်တွေ့ကြရမြဲဖြစ်သည်။

သို့သော် စစ်ပွဲ၏နောက်ကွယ်တွင် သတိမမူမိဘဲ တဖြည်းဖြည်းကြီးထွားလာနေသည့်အန္တရာယ်ကြီးတခုမှာ “ပြည်သူ့ကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှု”ပင်ဖြစ်သည်။

ထိုအန္တရာယ်များအနက် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ (STIs)နှင့် HIV ကူးစက်မှုသည် စိုးရိမ်ရဆုံးထိပ်တန်းပြဿနာဖြစ်လာသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ရပ်များသည် ဤအချက်ကို ထင်ရှားစွာသက်သေပြခဲ့သည်။

၁၉၄၂ ခုနှစ် အမေရိကန်ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု (US Public Health Service)၏ မှတ်တမ်းများအရ လိင်မှတဆင့်ကူးစက်သောရောဂါများသည် စစ်သားများတာဝန်မထမ်းဆောင်နိုင်ရခြင်း၏ အဓိကအကြောင်းရင်းများထဲမှတခုဖြစ်ခဲ့သည်။

ထို့ကြောင့် စစ်ပွဲကြောင့်ဖြစ်ပေါ်လာသော လိင်မှတစ်ဆင့်ကူးစက်သည့်ရောဂါများပြဿနာသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စမတ်ကျသောမဟာဗျူဟာများထဲတွင် အဓိကအခန်းကဏ္ဍမှပါဝင်လာခဲ့ကြောင်း ထိုခေတ်စာတမ်းများကဖော်ပြသည်။

ယနေ့အာရက္ခဒေသတွင်ဖြစ်ပေါ်နေသည့် အခြေအနေများကို ထိုသမိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် နှိုင်းယှဉ်သုံးသပ်ရန် လိုအပ်လှပေသည်။

ဒုတိယကမ္ဘာစစ်ကပေးခဲ့သောသင်ခန်းစာ

ဒုတိယကမ္ဘာစစ်အတွင်း စစ်သားများသည် တပ်စခန်းတခုမှတခု၊မြို့တခုမှတခုသို့ မပြတ်ရွှေ့ပြောင်းနေခဲ့ကြရသည်။

စစ်အခြေစိုက်စခန်းများ၊ဆိပ်ကမ်းမြို့များနှင့် စစ်သားများစုဝေးရာနေရာများတွင် လူမှုရေးစနစ်နှင့် ထိတွေ့ဆက်ဆံမှုများသည်လည်း ပုံသဏ္ဌာန်အမျိုးမျိုးပြောင်းလဲသွားခဲ့သည်။

ထိုအခြေအနေများကြောင့် ကာလသားရောဂါ(Syphilis)နှင့် ဂနိုရောဂါ(Gono rrhea)ကဲ့သို့သော လိင်မှတဆင့်ကူးစက်သောရောဂါများသည် စစ်တပ်များအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုသာမက စစ်ရေးစွမ်းဆောင်ရည်ကိုပါ ထိခိုက်စေသည့်ပြဿနာဖြစ်လာခဲ့သည်။

အမေရိကန်စစ်တပ်သည် ထိုပြဿနာကို ဖုံးကွယ်ရန်မကြိုးစားဘဲ စစ်ဆေးခြင်း၊ကာကွယ်ခြင်း၊အသိပညာပေးခြင်းနှင့်ကုသခြင်းစသည့် နည်းလမ်းများကိုပေါင်းစပ်အသုံးပြုခဲ့သည်။

ထိုအချိန်က စစ်တပ်၏မူဝါဒသည် ရောဂါရှိသူကိုပြစ်ဒဏ်ပေးရန်ထက် စစ်သားများကိုတာဝန်ပြန်လည် ထမ်းဆောင်နိုင်သည်ထိ ကုသပေးရန်နှင့် ကူးစက်မှုကိုလျှော့ချရန် အဓိကထားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဒုတိယကမ္ဘာစစ်၏ အဓိကသင်ခန်းစာမှာ…

“ရောဂါကို ဖုံးကွယ်ထားရုံဖြင့် ရောဂါမပျောက်ကင်းသွားပါ။ ကူးစက်ခံရသူများကို အပြစ်တင်ဝေဖန်နေခြင်းသည်လည်း ဖြေရှင်းနည်းမဟုတ်ပါ။

ရောဂါကို စောစီးစွာစစ်ဆေးရှာဖွေခြင်းနှင့် ပွင့်လင်းမြင်သာစွာ ကာကွယ်ကုသခြင်းတို့ဖြင့်သာ ကူးစက်မှုကို လျှော့ချနိုင်မည်ဖြစ်သည်။”

အာရက္ခဒေသတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ

ရခိုင်၏ လက်ရှိကျန်းမာရေးအခြေအနေတွင် ပြဿနာ၏အဓိကအချက်မှာ ကူးစက်မှုများပြားနေသည်ကို အပြစ်တင်နေရုံထက် ရောဂါကိုစစ်ဆေးရှာဖွေ၊ကာကွယ်၊ကုသပေးနိုင်သည့် ကျန်းမာရေးစနစ်လုံလောက်စွာ မရှိခြင်းပင်ဖြစ်သည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) က ၂၀၂၄ ခုနှစ် ဇွန်လတွင် မြောက်ပိုင်း အာရက္ခဒေသ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆေးကုသရေးလုပ်ငန်းများကို ကန့်သတ်ချက်မရှိ ရပ်ဆိုင်းခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

ပဋိပက္ခများကြောင့် လူနာများဆေးရုံသို့သွားရန် အခက်အခဲများရှိခဲ့ပြီး ပုဏ္ဏားကျွန်းကဲ့သို့ နေရာများတွင် ကျန်းမာရေးဝန်ဆောင်မှုရယူရန် သွားလာခွင့်ပြင်းထန်စွာကန့်သတ်ခံခဲ့ရသည်။

ကုလသမဂ္ဂ (UN) ၏ အချက်အလက်များအရ ရခိုင်တွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူပေါင်း ၄၅၄,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီး လမ်းပိတ်ဆို့မှု၊ ဆက်သွယ်ရေး ပြတ်တောက်မှုနှင့် သွားလာခွင့် ကန့်သတ်ချက်များကြောင့် လူသားချင်းစာနာမှု အကူအညီများ ပို့ဆောင်ရန် အလွန်ခက်ခဲနေသည်။

ထို့ကြောင့် HIV ကဲ့သို့သော ရောဂါများအတွက် အရေးကြီးသည့် စစ်ဆေးမှုများ (HIV test kits)၊ ဆေးဝါးများ၊ ကွန်ဒုံးများ၊ PrEP/PEP (ကာကွယ်ဆေးများ)၊ ART (ဗိုင်းရပ်စ်ထိန်းဆေး) နှင့် နောက်ဆက်တွဲ စောင့်ကြည့်ကုသမှုများ မပြတ်တောက်စေရေးမှာ အလွန်ပင်အရေးကြီးလှပေသည်။

HIV နှင့်ပတ်သက်သည့် အမှားအယွင်းများနှင့်အန္တရာယ်

HIV နှင့်ပတ်သက်၍ လူထုအကြား အယူအဆအမှားများရှိနေခြင်းက အန္တရာယ်ကိုပိုမိုရှုပ်ထွေးစေသည်။

HIV သည် သာမန်ထိတွေ့မှု၊ အတူစားသောက်မှု သို့မဟုတ် အတူနေထိုင်ရုံဖြင့် ကူးစက်သည့်ရောဂါမဟုတ်ပေ။

အဓိကအားဖြင့် သွေး၊သုတ်ရည်၊မိန်းမကိုယ်အရည်နှင့် မိခင်နို့ကဲ့သို့သော ခန္ဓာကိုယ်အရည်များမှတဆင့်သာကူးစက်နိုင်သည်။

ထို့ကြောင့် “ပြည့်တန်ဆာများရှိလျှင် HIV ကူးစက်မှုတိုးသည်” ဟု တိုက်ရိုက်ကောက်ချက်ချခြင်းသည် ဆေးဘက်ဆိုင်ရာ သဘောတရားအရ မမှန်ကန်ပေ။

HIV ကူးစက်နိုင်ခြေအန္တရာယ်ကို သတ်မှတ်ပေးသည့် အဓိကအချက်များမှာ…

*ကွန်ဒုံး မှန်ကန်စွာ အသုံးပြုမှု ရှိ/မရှိ။

*HIV စစ်ဆေးမှု ရရှိနိုင်မှု အခြေအနေ။

*PrEP / PEP (ကူးစက်မှုတားဆီးဆေး) ရရှိနိုင်မှု။

*ART ကုသမှု ဆက်လက်ရရှိနိုင်မှု။

*အခြားလိင်မှတဆင့် ကူးစက်သောရောဂါများ ရှိ/မရှိ။

*ဆေးထိုးအပ် မျှဝေသုံးစွဲမှု ရှိ/မရှိ။

*လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ။

*လိင်လုပ်သားများနှင့်စိုးရိမ်ရသော အုပ်စုများအတွက် ကျန်းမာရေးဝန်ဆောင်မှုရရှိနိုင်မှု။

ထို့ကြောင့် အာရက္ခဒေသတွင် HIV ကူးစက်မှုများပြားနေသည်ဆိုသည့် သတင်းများကို အတည်ပြုနိုင်ရန်အတွက် စနစ်တကျ အချက်အလက်စုဆောင်းခြင်းနှင့် HIV Testing Data များလိုအပ်နေသည်။

ဤနေရာတွင် ပိုမိုစိုးရိမ်စရာကောင်းသည့် အချက်တချက်ရှိသည်။

စစ်ပွဲကြောင့် HIV စစ်ဆေးမှုများ မလုပ်ဆောင်နိုင်ပါက ရောဂါကူးစက်ခံထားရသူများကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။

စစ်ဆေးမှုမရှိသောကြောင့် ရောဂါသည်မတွေ့ရခြင်းသာဖြစ်နိုင်ပြီး၊ အမှန်တကယ် ကူးစက်မှု ရှိ/မရှိ သက်သေပြရန်ခက်ခဲနေခြင်းဖြစ်သည်။

ထို့အပြင်ရောဂါသည်များကို အခြားရောဂါအဖြစ် ဖုံးကွယ်ခိုင်းထားသည်ဆိုသည့် စွပ်စွဲချက်များသည်လည်း လူမှုရေးပြဿနာများကို ပိုမိုရှုပ်ထွေးစေသည်။

စစ်ပွဲဖြစ်ပွားနေသော မြန်မာနိုင်ငံ၏ အခြေအနေဆိုင်ရာ လေ့လာမှုများအရ HIV ကာကွယ်ရေးဝန်ဆောင်မှုများ ပြင်းထန်စွာကန့်သတ်ခံနေရကြောင်း ထောက်ပြထားသည်။

ART ဆေးဝါးစတင်ရန် စောင့်ဆိုင်းနေရသူများပြားခြင်း၊PEP ရရှိနိုင်မှု နည်းပါးခြင်း၊ ပထမအကြိမ် စစ်ဆေးမှုတွင်ပိုးတွေ့ရှိပါက နောက်ထပ်အတည်ပြုစစ်ဆေးသည့်နည်းလမ်း (Confirmatory test) ကို အနည်းငယ်သောနေရာများ၌သာ ဆောင်ရွက်နိုင်ခြင်းနှင့် ခရီးသွားလာခွင့်ကန့်သတ်ချက်များကြောင့် ART ဆေးဝါးပြတ်တောက်မှုများဖြစ်ပေါ်နေသည်။

ထိုလေ့လာမှုများက အချိန်မီဝန်ဆောင်မှုများ ပြန်လည်မတည်ဆောက်နိုင်ပါက HIV ကူးစက်မှုအသစ်များ အဟုန်မပျက် တိုးပွားလာနိုင်ကြောင်းသတိပေးထားသည်။

အပြစ်တင်ခြင်းထက် တာဝန်ယူမှုရှိသော ဖြေရှင်းရေး

HIV ကူးစက်မှုတိုးလာပါက အမျိုးသမီးများ၊ လိင်လုပ်သားများ၊ လူငယ်များ သို့မဟုတ် မည်သည့်အုပ်စုတစ်ခုခုကိုမျှ အပြစ်ပုံချနေခြင်းသည် ဖြေရှင်းနည်းမဟုတ်ပေ။

အဓိက ဦးတည်ရမည့် မေးခွန်းများမှာ…

*ပြည်သူများကို HIV စစ်ဆေးခွင့် မည်သို့မပြတ်တောက်အောင် ဆောင်ရွက်ပေးမည်နည်း။

  • ART ထိန်းဆေးများကို ပုံမှန်ရရှိအောင် မည်သို့စီစဉ်ပေးမည်နည်း။
  • ကွန်ဒုံးနှင့် HIV ကာကွယ်ရေး ပစ္စည်းများကို လိုအပ်နေသည့် ဒေသများသို့ မည်သို့ပို့ဆောင်မည်နည်း။
  • IDP (စစ်ဘေးရှောင်များ)၊ လိင်လုပ်သားများနှင့် အန္တရာယ်ရှိသော အုပ်စုများကို မည်သူကကျန်းမာရေး စောင့်ရှောက်မှု ကာကွယ်ပေးမည်နည်း။

မကြာမီက ULA/AA ၏ထိပ်ပိုင်းခေါင်းဆောင်တဦးကလည်း လူမှုကွန်ရက်ပေါ်တွင် HIV ကူးစက်မှုနှင့် လူငယ်များ၏ လိင်ပိုင်းဆိုင်ရာ အသိပညာဗဟုသုတနည်းပါးမှုအပေါ် စိုးရိမ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

UNAIDS ကလည်း မြန်မာနိုင်ငံတွင် HIV ဝန်ဆောင်မှုဌာနများပိတ်သိမ်းရခြင်း၊ ART နှင့် PrEP / Testing ဝန်ဆောင်မှုများ ထိခိုက်ရခြင်းတို့ကို မှတ်တမ်းတင်ထားသည်။

ရခိုင်နယ်မြေအချို့တွင် ULA/AA ၏ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးစနစ်များ တည်ဆောက်နေသော်လည်း ပြည်သူတို့၏ အလျင်အမြန်တိုးတက်လာသော လိုအပ်ချက်များနှင့်ယှဉ်ပါက မလုံလောက်သေးဘဲ အကူအညီများစွာ လိုအပ်နေဆဲဖြစ်သည်။

ထို့ကြောင့် AA ထိန်းချုပ်နယ်မြေများတွင် HIV/STI ကာကွယ်ကုသရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်၊ အရပ်ဘက်နှင့် NGO ကျန်းမာရေးအဖွဲ့များဝင်ရောက်ခွင့်၊ HIV test kits၊ Condoms၊ ART၊ PrEP/PEP များ လုံလောက်စွာရရှိရေးတို့ကို လွတ်လပ်သော ကျန်းမာရေးအဖွဲ့အစည်းများက စောင့်ကြည့်ကူညီပေးရန်လိုအပ်ပေသည်။

သမိုင်းဆိုင်ရာ နှိုင်းယှဉ်ချက် – ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်၏ စနစ်ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်သည် စစ်သားများအတွက် သီးသန့် “Comfort Station” (တပ်မတော်ဇိမ်ခန်း) စနစ်ကို ကျင့်သုံးခဲ့သည်။

ဂျပန်စစ်တပ်သည် မုဒိမ်းမှုများနှင့် လိင်မှတဆင့်ကူးစက်သောရောဂါများကို ထိန်းချုပ်နိုင်မည်ဟူသော အယူအဆဖြင့် စစ်တပ်ထိန်းချုပ်သည့် ဇိမ်ခန်းစနစ်ကိုထူထောင်ခဲ့ပြီး ထိုနေရာရှိအမျိုးသမီးများကို ဆေးစစ်ခြင်းနှင့် စစ်သားများကို ကွန်ဒုံးပေးသည့်စနစ်များထားရှိခဲ့သည်။

သို့သော် သမိုင်းဝင် “Comfort Women” (တပ်မတော် လိင်ဖျော်ဖြေရေး အမျိုးသမီးများ) ကိစ္စသည် သာမန်လိင်လုပ်ငန်းတခု မဟုတ်ခဲ့ပေ။

အမျိုးသမီးအများအပြားသည် အတင်းအကျပ် လိမ်လည်ခေါ်ဆောင်ခံရခြင်း၊ လက်နက်ကိုင် စစ်အာဏာအောက်တွင် လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခံရခြင်း၊ ငြင်းဆန်သူများ သတ်ဖြတ်ခံရခြင်းနှင့် အရွယ်မရောက်သေးသူများ အနိုင်ကျင့်ခံရခြင်းစသည့် အမှောင်အတိကျသော စိတ်ဒဏ်ရာသမိုင်းဆိုးများကို ကျန်ရစ်စေခဲ့သည်။

မြန်မာနိုင်ငံသည်လည်း ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်အောက်ရောက်ရှိခဲ့သဖြင့် ထိုသမိုင်း၏ ခါးသီးသော အရိပ်မည်းများကျန်ရှိနေဆဲဖြစ်သည်။

စစ်တပ်များသည် လိင်ပိုင်းဆိုင်ရာကူးစက်ရောဂါပြဿနာကို စစ်ရေးဂုဏ်သိက္ခာထိခိုက်မည်စိုး၍ ဖုံးကွယ်ရန် ကြိုးစားခဲ့ကြသော်လည်း ဖုံးကွယ်ထားခြင်းသည် ပြဿနာကိုမဖြေရှင်းနိုင်ဘဲ စစ်ဆေးခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်းနှင့် စောင့်ကြည့်ခြင်း ဆိုသည့် ပြည်သူ့ကျန်းမာရေးနည်းလမ်းဖြင့်သာ အောင်မြင်ကြောင်း သဘောပေါက်ခဲ့ကြသည်။

ယနေ့ အာရက္ခဒေသတွင်လည်း ထိုသမိုင်းဝင် သင်ခန်းစာကို မမေ့သင့်ပေ။

၁၉၄၂ ခုနှစ် အမေရိကန် ပြည်သူ့ကျန်းမာရေးစာတမ်းက လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများကို “စစ်ရေးဆိုင်ရာ ခြိမ်းခြောက်မှု” အဖြစ် သတ်မှတ်ခဲ့သကဲ့သို့ ယနေ့ရခိုင်တွင်လည်း HIV ကူးစက်မှုကို နိုင်ငံရေးအရ အရှက်အကြောက်၊ စစ်ရေးလျှို့ဝှက်ချက် သို့မဟုတ် အဖွဲ့အစည်းတခု၏ဂုဏ်သိက္ခာအဖြစ် မရှုမြင်သင့်ပေ။

လူသားလုံခြုံရေး(Human Security) အမြင်ဖြင့် ကြည့်ရှုခြင်း

HIV ဗိုင်းရပ်စ်သည် မည်သည့်အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကိုမျှထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။

စစ်သား၊အရပ်သား၊AA၊စစ်တပ်၊လိင်လုပ်သား သို့မဟုတ် IDPs ဖြစ်စေ မည်သူ့ကိုမျှ ခွဲခြားမည်မဟုတ်ပေ။

ထို့ကြောင့် သတင်းအချက်အလက်ဖုံးကွယ်ခြင်း မဟုတ်ဘဲ အောက်ပါတို့ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်ဖြစ်သည်…

  • လွတ်လပ်သော HIV/STI စောင့်ကြည့်လေ့လာမှုစနစ်များ ထူထောင်ခြင်း။
  • လူတိုင်းအတွက် လွတ်လပ်စွာ စစ်ဆေးခွင့်ရရှိစေခြင်း။
  • ART ဆေးဝါးများ မပြတ်တောက်အောင် ထောက်ပံ့ပေးခြင်း။
  • ကွန်ဒုံးနှင့် ကာကွယ်ရေးပစ္စည်းများရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်း။
  • လိင်လုပ်သားများနှင့် အန္တရာယ်ရှိသော အုပ်စုများအား အကာအကွယ်ပေးခြင်း။
  • ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို မှန်ကန်ပွင့်လင်းစွာထုတ်ပြန်ခြင်း။

စစ်ပွဲတခု၏အောင်ပွဲကို နယ်မြေမည်မျှသိမ်းပိုက်နိုင်သည်ဆိုသည့် အချက်တခုတည်းနှင့် မတိုင်းတာသင့်ပေ။

ထိုနယ်မြေအတွင်းရှိ ပြည်သူများ၏ အသက်နှင့်ကျန်းမာရေးကို မည်မျှကာကွယ်စောင့်ရှောက်နိုင်သနည်း ဆိုသည်မှာလည်း အဓိကတိုင်းတာချက်ဖြစ်သည်။

အာရက္ခ ပြည်သူများအတွက် HIV/AIDS ကာကွယ်ရေးသည် နိုင်ငံရေးမဟုတ်ပေ။

“လူသားလုံခြုံရေး” (Human Security) ပြဿနာဖြစ်သည်။

စစ်ပွဲနှင့် လူမှုရေးအကျပ်အတည်းများအတွင်း ဆေးဝါး၊ HIV စစ်ဆေးမှု၊ ကွန်ဒုံး၊ PrEP/PEP နှင့်ART ဝန်ဆောင်မှုများကို အချိန်မီမရရှိပါက ရောဂါထိန်းချုပ်ရေးမှာ ပိုမိုခက်ခဲလာမည်ဖြစ်သည်။

ထို့အပြင်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊အတင်းအကျပ် ရွှေ့ပြောင်းခံရမှုများ၊ဆင်းရဲနွမ်းပါးမှု၊မူးယစ်ဆေးဝါးနှင့် အရက်သုံးစွဲမှုများက ပြည်သူများ၏ကျန်းမာရေးအန္တရာယ်ကို ပိုမိုမြင့်တက်စေသည်။

အထူးသဖြင့် HIV ကူးစက်ခံထားရသူသည် အပြစ်ရှိသူမဟုတ်ပါ။ HIV သည် လူတစ်ဦး၏ ကိုယ်ကျင့်တရားကို တိုင်းတာသည့် စံနှုန်းမဟုတ်ပေ။

ကူးစက်ခံရသူများကို ခွဲခြားနှိမ်ချခြင်းနှင့် အရှက်ခွဲခြင်းတို့သည် ဆေးကုသမှုခံယူရန် ကြောက်ရွံ့စေပြီး ရောဂါထိန်းချုပ်ရေးကို ပိုမိုဆိုးရွားစေသည်။

လူသားလုံခြုံရေးဆိုသည်မှာ စစ်ပွဲအတွင်း ကျည်ဆန်မှလွတ်မြောက်ရုံတင်မကဘဲ ရောဂါ၊ငတ်မွတ်မှု၊အကြမ်းဖက်မှုနှင့်ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်းတို့မှပါ လူတဦးချင်းစီ၏အသက်ကို ကာကွယ်ပေးနိုင်ခြင်းဖြစ်ပေသည်။

ကိုးကား…

UNAIDS — Myanmar: HIV services in conflict environments
UNAIDS — Impact of funding cuts on HIV programmes in Myanmar
UNAIDS — Violence in Myanmar impeding HIV services
UNAIDS — Myanmar country HIV information
UNAIDS — HIV in humanitarian and emergency settings

Myanmar: MSF teams face major obstacles providing medical care to communities in Rakhine state
https://achh.army.mil/history/book-wwii-civilaffairs-chapter18/?utm_source=chatgpt.com
https://achh.army.mil/history/book-wwii-communicablediseasesv5-chapter10/?utm_source=chatgpt.com
PrevPreviousအင်းဒင်မှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးဆယ်ဦးဒဏ်ရာရ
Next​ဘယ်လာရုစ်လုပ်ငန်းရှင်တွေကို မြန်မာမှာရင်းနှီးမြုပ်နှံဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်Next
Previous Post

အင်းဒင်မှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးဆယ်ဦးဒဏ်ရာရ

Next Post

​ဘယ်လာရုစ်လုပ်ငန်းရှင်တွေကို မြန်မာမှာရင်းနှီးမြုပ်နှံဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ONN

အင်းဒင်မှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးဆယ်ဦးဒဏ်ရာရ

August 20, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ရခိုင်စာပေနဲ့ ယဉ်ကျေးမှုလေ့လာတွေ့ရှိချက်အစီရင်ခံစာ လွှတ်တော်မှတ်တမ်းတင်

August 20, 2026
Photo - ONN

​ကြိမ်ချောင်းမှာ ချောင်းရေတိုက်စားပြီး ကမ်းပါးပြိုနေလို့ ဆေးရုံနဲ့အိမ်တွေစိုးရိမ်နေရ

August 20, 2026
ဓာတ်ပုံ - ONN

မြောက်ဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ကြံသူကိုဖမ်း

August 20, 2026

မုဒုံမှာ တောင်ကျရေစီးဆင်းမှုကြောင့် ကားလမ်းမပေါ်ရေကျော်နေ

တာချီလိတ်နဲ့တောင်ကြီးမှာ ကျပ်သိန်းရှစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေဖမ်းမိ

ရဲဝင်းဦးနဲ့ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး တွေ့ (ဓာတ်ပုံသတင်း)

မြို့လေးမြို့မှာ မြစ်ရေတွေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

ထိုင်းမှာ နန်းမြစ်ရေလျှံမှုကြောင့် နန်းမြို့စီးပွားရေးဇုန် ရေကြီးနေ

အီရန်အပေါ် အပြင်းထန်းဆုံး စီးပွားရေးပိတ်ဆို့မှုတွေလုပ်မယ်လို့ ဒေါ်နယ်ထရမ့်ကြေညာ

Releated Post

ဓာတ်ပုံ - မီးသတ်ဦးစီးဌာန

မုဒုံမှာ တောင်ကျရေစီးဆင်းမှုကြောင့် ကားလမ်းမပေါ်ရေကျော်နေ

August 20, 2026
ဓာတ်ပုံ - မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

တာချီလိတ်နဲ့တောင်ကြီးမှာ ကျပ်သိန်းရှစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေဖမ်းမိ

August 20, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ရဲဝင်းဦးနဲ့ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး တွေ့ (ဓာတ်ပုံသတင်း)

August 20, 2026
ဓာတ်ပုံ - မိုးဇလ

မြို့လေးမြို့မှာ မြစ်ရေတွေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

August 20, 2026
ဓာတ်ပုံ - Thi PBS North

ထိုင်းမှာ နန်းမြစ်ရေလျှံမှုကြောင့် နန်းမြို့စီးပွားရေးဇုန် ရေကြီးနေ

August 20, 2026
ဓာတ်ပုံ - Al Jazeera

အီရန်အပေါ် အပြင်းထန်းဆုံး စီးပွားရေးပိတ်ဆို့မှုတွေလုပ်မယ်လို့ ဒေါ်နယ်ထရမ့်ကြေညာ

August 20, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page