Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၆။
လေယာဉ်လက်မှတ်တွေကို သတ်မှတ်ဈေးနှုန်းထက်ပိုရောင်းချရင် ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလ ၅ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
အဲဒီအပြင် လေယာဉ်လက်မှတ်တွေကို အကောင်တုတွေကတဆင့် ရောင်းချရင်လည်း ဘယ်သူ့ကိုမဆို ဥပဒေအရထိရောက်စွာအရေးယူသွားမယ်လို့ ဆိုပါတယ်။
အဲဒီလိုလေယာဉ်လက်မှတ်တွေကိုသတ်မှတ်ဈေးနှုန်းထက် ပိုတဲ့နှုန်းထားတွေနဲ့ဝယ်ယူခဲ့ရတာတွေ၊အကောက်တုတွေကတဆင့် ဝယ်ယူခဲ့ရတာတွေရှိရင်လည်း သက်ဆိုင်ရာလေကြောင်းလိုင်းတွေကို တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုင်ကြားသူတွေဟာ ခရီးသည်အမည်၊ဝယ်ယူခဲ့တဲ့ရက်စွဲ၊ခရီးစဉ်အချက်အလက်၊Booking PNR/Ticket အမှတ်၊ဝယ်ယူခဲ့ရတဲ့ဈေးနှုန်းနဲ့ ငွေပေးချေတဲ့အထောက်အထားစတဲ့အချက်အလက်တွေနဲ့အတူ တိုင်ကြားနိုင်တယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
ဒါပေမယ့် မြန်မာပြည်အနှံ့မှာ လေယာဥ်လက်မှတ်စျေးနှုန်းတွေကို သတ်မှတ်နှုန်းထားထက်ပိုရောင်းနေကြသလိုလေယာဥ်လက်မှတ်ဝယ်မရတာတွေရှိနေပေမယ့် အရေးယူတာတွေမရှိဘူးလို့ပြည်သူတွေက ဆိုကြပါတယ်။










