Border News Agency
လယ်ဒို၊ အောက်တိုဘာ ၆။
ပဲခူးတိုင်းဒေသ၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ အောက်တိုဘာလ ၆ ရက်နေ့ ထုတ်ပြန်ပါတယ်။
အဲဒီမူးမြို့နယ် ကျောက်ကြီးပေါက်ကျေးရွာကို အောက်တိုဘာလ ၁ ရက်နေ့က အာဏာသိမ်းစစ်တပ်မှဒရုန်းနဲ့နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့ရာ အသက် ၁၇ အရွယ်မင်းခန့်ဇော်သေဆုံးခဲ့ပြီး အသက် ၅၃နှစ်အရွယ် ဦးမျိုးအောင်၊ အသက် ၇၀ အရွယ် ဒေါ်မဲတူ၊ အသက် ၄၅နှစ်အရွယ် မချစ်စု၊ အသက် ၄၅ အရွယ် ဒေါ်ခင်အောင်၊ မောင်ကြည်စိုး၊ ဒေါ်ဝင်းကြည်ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလယ်ဒိုမြို့နယ် အင်ပုရစ်ကျေးရွာကို အောက်တိုဘာလ ၃ ရက်နေ့က အာဏာသိမ်းစစ်တပ်မှဒရုန်းနဲ့သုံးကြိမ်လာရောက်ပစ်ခတ်ခဲ့ရာ ဦးမိုးကြီး၊ ဦးထွန်းမြင့်၊ဦးခိုင်လေး၊ ဦးတာပို့ခို နဲ့ ဦးစိုးစိုးတို့ရဲ့ နေအိမ်ငါးလုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာနေရာကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်နေသလိုအရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာနဲ့ စစ်ရာဇ၀တ်မှုတွေကို နေ့စဉ်နဲ့အမျှကျူးလွန်နေတာဖြစ်ပါတယ်။













