Border News Agency
နေပြည်တော်၊ဧပြီ ၁၀ ။
နိုင်ငံတော်သမ္မတရုံးက ဧပြီလ ၁၀ ရက်မှာ ထုတ်ပြန်တဲ့အမိန့်အမှတ်(၅ / ၂၀ ၂၆)အရ တေးရေး၊တေးဆိုရှေ့နေဦးသန်းမောင်ကို တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးခန့်လိုက်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ အရ ခန့်တာဖြစ်ပြီး ဦးသန်းမောင်ဟာ နိုင်ငံအတွင်းရှိ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အဓိက ကိုင်တွယ်ရမှာပါ။
ဦးသန်းမောင်နဲ့အတူ တခြားပြည်ထောင်စုဝန်ကြီးတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနမှာတာဝန်ပေးပြီး တရားမဝင်အစိုးရအဖွဲ့သစ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။
အဲဒီဦးသန်းမောင်ဟာ အာဏာသိမ်းစစ်တပ်ရဲ့တိုင်းရင်းသားရေးရာဒုဝန်ကြီးဦးဇော်အေးမောင်အကိုဖြစ်သလို တေးရေး၊တေးဆိုဖြစ်ပြီးရှေ့နေလည်းဖြစ်ပါတယ်။
သူ့ညီဖြစ်သူဦးဇော်အေးမောင်ကိုလည်းပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာအဖွဲ့ဝင်အဖြစ်ခန့်လိုက်ပါတယ်။
သူတို့ညီအစ်ကိုတွေဟာ အာဏာသိမ်းပြီးနောက်အာဏာသိမ်းစစ်တပ်ယန္တရားမှာပါဝင်လုပ်နေကြသူတွေဖြစ်ကြပြီးစ စ်ကောင်စီထိန်းချုပ်နယ်မြေတွေရှိရခိုင်အပါအဝင်ရခိုင်မှလူမျိုးတွေကို အဓိကစည်းရုံးလုပ်ပေးနေကြတာဖြစ်ပါတယ်။
သူတို့ညီအစ်ကိုတွေကို ရခိုင်လူမျိုးအ များစုက အာဏာသိမ်းစစ်တပ်အလိုကျပါဝင်လုပ်နေကြသူတွေလို ဝေဖန်ပြော ဆိုနေကြပါတယ်။






