Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး သတင်း

လူငယ်တွေကို နဖူးမှာတက်တူးထိုးပြီး စစ်ကော်မရှင်တပ်ကအဓမ္မစစ်ကျွန်ပြုနေ

​Photo - AA

​Photo - AA

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

​Border News Agency
မန္တလေး၊ ဧပြီ ၁၂။

​မန္တလေးမြို့မှာပေါ်တာဆွဲခံရပြီး စစ်သားအဖြစ်အဓမ္မစုဆောင်းတာခံခဲ့ရတဲ့ တပ်သားကျော်မိုးဝင်းဟာ စစ်ကော်မရှင်တပ်အတွင်းကနေ စွန့်ခွာပြီး အာရက္ခတပ်တော် (AA) ဆီကို ဧပြီလ ၁၁ ရက်နေ့က အလင်းဝင်ရောက်လာပါတယ်။

အဲဒီ​ကိုကျော်မိုးဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်၊ညပိုင်းက သူငယ်ချင်းဖြစ်သူနဲ့အတူ ဘီယာသောက်ပြီး အပြန်လမ်းခရီးမှာ အရပ်ဝတ်လူ ၄ ဦးရဲ့ အဓမ္မဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီလို အဓမ္မဖမ်းဆီးခံရပြီးနောက် မကွေးစုဆောင်းရေးကတဆင့် ရှမ်းပြည်၊ ရပ်စောက်မြို့က စစ်သင်တန်းကျောင်းကို ပို့ဆောင်ခံခဲ့ရတယ်လို့ဆိုပါတယ်။

​”ကျွန်တော့်မှာမိန်းမနဲ့ ကလေးငယ်ရှိလို့ စစ်ထဲမဝင်နိုင်ဘူးလို့ပြောတာကို သူတို့ကရိုက်နှက်တယ်။အဲဒီနောက် ရပ်စောက်က အမှတ် ၁ သင်တန်းကျောင်းမှာပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၈ ကို ၁၂ ပတ်ကြာတက်ခဲ့ရပါတယ်။”လို့ ကိုကျော်မိုးဝင်းက သူ့ရဲ့ကိုယ်တွေ့ကို ပြောပြပါတယ်။

​သင်တန်းဆင်းပြီးနောက် တောင်ငူရှိပို့ဆောင်ရေးတပ်နဲ့ ကပစ ၁၆ မှာ တာဝန်ထမ်းဆောင်ခဲ့ရပြီး ပင်ပန်းဆင်းရဲမှုနဲ့အန္တရာယ်များတာတွေကြောင့် သူငယ်ချင်း ၃ ဦးနဲ့အတူထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမယ့် ကပစ ၁၆ မှာ ပြန်လည်ဖမ်းဆီးတာခံခဲ့ရတယ်လို့ ဆိုပါတယ်။

​အဲဒီလိုဖမ်းဆီးခံရပြီးနောက် စစ်ကော်မရှင်တပ်ဗျူဟာမှူးကိုယ်တိုင်က သူတို့ကိုနောက်ထပ်ထပ်မပြေးနိုင်စေဖို့နဲ့ မြို့ပေါ်မှာနေထိုင်လို့မရစေဖို့အတွက် နဖူးမှာတပ်ရင်းအမှတ်အသားတွေကို တက်တူးအတင်းအဓမ္မ ထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

​”ဗျူဟာမှူးကကျွန်တော်တို့ နဖူးတွေမှာ ခမရ ၃၆၆ ဆိုပြီး တက်တူးတွေထိုးပေးတယ်။တချို့ဆို စစ်ပြေးလို့တောင် ထိုးခံရတယ်။ ဒါဟာ ကျွန်တော်တို့ ဘယ်မှာမှနေလို့မရအောင်၊အလွယ်တကူ ပြန်ဖမ်းလို့ရအောင် လုပ်တာပါ။” လို့ သူက သူ့ရဲ့နဖူးကတက်တူးကို ပြသရင်းရင်ဖွင့်ပါတယ်။

​အခုဖြစ်ရပ်ဟာ စစ်ကော်မရှင်တပ်အတွင်း တရားမျှတမှုကင်းမဲ့တာ၊ အဓမ္မစေခိုင်းတာနဲ့ လူသားဂုဏ်သိက္ခာကို အောက်တန်းကျစွာညှိုးနွမ်းစေတဲ့လုပ်ရပ်တွေရှိနေတာကို ပြသနေတဲ့သက်သေတခုပဲဖြစ်ပါတယ်။

​အဲဒီကိုကျော်မိုးဝင်းဟာ စစ်​ကော်မရှင်တပ်အတွင်းကနေစွန့်ခွာပြီး အာရက္ခတပ်တော်ဆီအလင်းဝင်ရောက်ခိုလှုံနေပြီဖြစ်ပါတယ်။

​စစ်ကော်မရှင်တပ်အတွင်းမှာ အဓမ္မစုဆောင်းခံရတာတွေ၊ အထက်အရာရှိတွေရဲ့ ဖိနှိပ်မှုတွေနဲ့ တရားမျှတမှုကင်းမဲ့တဲ့လုပ်ရပ်တွေကြောင့် စစ်ကော်မရှင်တပ်သားတွေဟာ အာရက္ခတပ်တော်နဲ့ တော်လှန်ရေးတပ်တွေဆီကို နေ့တိုင်းလိုလို အလင်းဝင်လာနေကြတာ ဖြစ်ပါတယ်။

PrevPreviousမင်းတပ်မြို့ကိုအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ပျက်စီးမှုများ
Next​တောင်ကုတ်မှာ ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ တရားမဝင်အရက်တွေဖမ်းဆီးရမိNext
Previous Post

မင်းတပ်မြို့ကိုအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ပျက်စီးမှုများ

Next Post

​တောင်ကုတ်မှာ ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ တရားမဝင်အရက်တွေဖမ်းဆီးရမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မင်းအောင်လှိုင်ကြောင့် မိုဒီရဲ့ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ဒေလီရောက်မြန်မာတွေ ဆို

May 30, 2026

မြောက်ဦး မြို့ပြတည်ဆောက်ရေး စီမံကိန်းအကောင်အထည်ဖော်နေ

May 30, 2026

ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ ထရမ့် တောင်းဆို

May 30, 2026

အာဏာသိမ်းစစ်တပ်ရဲ့ ကျောက်လုံးကြီးဗျူဟာစခန်းကို KNU ပူးပေါင်းတပ်တွေ သိမ်းပိုက်

May 30, 2026

မင်းအောင်လှိုင်ကြောင့် မိုဒီရဲ့ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ဒေလီရောက်မြန်မာတွေ ဆို

မြောက်ဦး မြို့ပြတည်ဆောက်ရေး စီမံကိန်းအကောင်အထည်ဖော်နေ

ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ ထရမ့် တောင်းဆို

အာဏာသိမ်းစစ်တပ်ရဲ့ ကျောက်လုံးကြီးဗျူဟာစခန်းကို KNU ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကျောက်ဖြူမှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးပစ်ခတ်လို့ စစ်ဘေးရှောင်တဦး သေဆုံး

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အိန္ဒိယရောက်

Releated Post

မင်းအောင်လှိုင်ကြောင့် မိုဒီရဲ့ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ဒေလီရောက်မြန်မာတွေ ဆို

May 30, 2026

မြောက်ဦး မြို့ပြတည်ဆောက်ရေး စီမံကိန်းအကောင်အထည်ဖော်နေ

May 30, 2026

ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ ထရမ့် တောင်းဆို

May 30, 2026

အာဏာသိမ်းစစ်တပ်ရဲ့ ကျောက်လုံးကြီးဗျူဟာစခန်းကို KNU ပူးပေါင်းတပ်တွေ သိမ်းပိုက်

May 30, 2026

ကျောက်ဖြူမှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးပစ်ခတ်လို့ စစ်ဘေးရှောင်တဦး သေဆုံး

May 30, 2026
Photo - Popular News

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အိန္ဒိယရောက်

May 30, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page