Border News Agency
မာန်အောင်၊ဧပြီ ၂၃။
အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ မာန်အောင်ကျွန်းကို လေယာဥ်ပြေးဆွဲပြီး စစ်သည်လက်နက်ခဲယမ်းတွေ အင်အားဖြည့်တင်းထားမယ်လို့စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီမာန်အောင်ကျွန်းကို ရန်ကုန်-ကျောက်ဖြူလေကြောင်းလိုင်းမှာ ထည့်သွင်းပြေးဆွဲသွားမှာပါ။
အဲဒီလိုပြေးဆွဲဖို့အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကအမိန့်ပေးစေခိုင်းတာဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်းက လာမယ့်ဧပြီလ ၂၄ ရက်နေ့စတင်ပြေးဆွဲမှာဖြစ်ပါတယ်။
အဲဒီရန်ကုန်-ကျောက်ဖြူ-မာန်အောင်လေကြောင်းလိုင်းကို တပတ်မှာသုံးရက်ပြေးဆွဲမှာဖြစ်ပြီး လေယာဥ်လက်မှတ်တစောင်ကိုခြောက်သိန်းသုံးသောင်းကျပ်သတ်မှတ်ထားပါတယ်။
အဲဒီလိုပြေးဆွဲတာဟာမာန်အောင်ဒေသခံတွေစည်းရုံးရေးအကြောင်းပြပြီး စစ်သည်လက်နက်ခဲယမ်းတွေအင်အားဖြည့်တင်းထားမှာဖြစ်တယ်လို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီမာန်အောင်ကျွန်းဟာ တောင်ကုတ်မြို့နဲ့ ရေလမ်းသာရှိခဲ့ပြီးလေယာဥ်ကွင်းရှိပေမယ့် လေယာဥ်ပြေးဆွဲခဲ့တာဟာ ခဏသာရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော်ကလက်ကျန်မြို့တွေကိုလာမယ့်နှစ်မှာအပြီးသ တ်သိမ်းလို့တရားဝင်ပြောဆိုပြီးနောက်ငါးနှစ်ကျော်ဟာလမ်းပန်းဆက်သွယ် ရေးပိတ်ထားတာကို လေကြောင်းလိုင်းစတင်ပြေးဆွဲစစ်အင်အားဖြည့်ဖို့ကြိုး စားလာတာဖြစ်ပါတယ်။






