Border News Agency
ရှမ်းမြောက်၊ဧပြီ ၂၃။
ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ ၁ အတွင်းရှိ အသက်မပြည့်သေးသူတွေကို ဆေးလိပ်နဲ့ အရက်ရောင်းချတာ လုံးဝမပြုလုပ်ဖို့ ဈေးကွက်နဲ့ ကုန်သွယ်ရေးကြီးကြပ်မှုဦးစီးဌာနက ဧပြီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လူငယ်တွေရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ ဒီစည်းမျဉ်းအရ ဆိုင်တိုင်းမှာ အသက်မပြည့်သူများကို မရောင်းရဆိုတဲ့ ဆိုင်းဘုတ် ချိတ်ဆွဲထားရမှာဖြစ်ပြီး ဝယ်ယူသူရဲ့ အသက်အထောက်အထားကိုလည်း မဖြစ်မနေ စစ်ဆေးရမှာပါ။
သတ်မှတ်ချက်ကို ဖောက်ဖျက်ရင် ပထမအကြိမ်မှာ ဆိုင်ပစ္စည်းသိမ်းပြီး ဒဏ်ငွေ ယွမ် ၅,၀၀၀ ချမှတ်မှာဖြစ်သလို ဒုတိယအကြိမ် ကျူးလွန်ပါက လုပ်ငန်းလိုင်စင်ရုတ်သိမ်းကာ ယွမ် ၁၀,၀၀၀ ထပ်မံ ဒဏ်ရိုက်သွားမှာ ဖြစ်ပါတယ်။
ဒီတားမြစ်ချက်ဟာ စတိုးဆိုင်၊ စားသောက်ဆိုင်၊ ဘား (Bar) တွေနဲ့ ညဈေးတန်းတွေအပြင် အီးစီးကရက် (Vape) ရောင်းချတဲ့ လုပ်ငန်းအားလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။






