Border News Agency
ငပလီ၊ ဧပြီ ၂၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ငပလီမြို့ကိုဧပြီလ ၂၄ ရက်၊ ဒီနေ့နေ့လည်က အာဏာသိမ်းစစ်ဟာတိုက်လေယာဥ်ငါးစီးနဲ့အပြင်းအထန်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီငပလီမြို့ကိုလည်း ဧပြီလ ၂၃ ရက် ၊မနေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအပြင် ဒီနေ့လည်း လေကြောင်းကင်းထောက်ပြီး အပြင်းအထန်ထပ်တိုက်နေတာပါ။
အဲဒီလိုတိုက်ခိုက်လို့ထိခိုက်ပျက်စီးမှုအ ခြေအနေတွေကို ဆက်စုံစမ်းနေပါတယ်။







