Border News Agency
နေပြည်တော်၊ ဧပြီ ၂၄။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA)စာချုပ်အရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)နဲ့ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)လုပ်ငန်းစဉ်တွေကို ပြန်လုပ်သွားမယ်လို့ ဆိုပါတယ်။
နေပြည်တော်မှာ ဧပြီလ ၂၃ ရက်နေ့ကပြုလုပ်ဆွေးနွေးပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပြောတာဖြစ်ပြီးအာဏာသိမ်းပြီးနောက်ရပ်ထားခဲ့ရတာကို ပြန်စတင်မှာပါ။
အတုအယောင်ရွေးကောက်ခံအစိုးရအ ဖွဲ့နဲ့တရားမဝင်လွှတ်တော်ကိုယ်စားလှ ယ်တွေရှိနေပြီမို့ NCA လက်မှတ်ရေး ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကို င်အဖွဲ့တွေနဲ့အတူ UPDJC နဲ့ JMCကို ပေါင်းလုပ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီJMCအရလူသားချင်းစာနာမှုအကူ အညီပေးရေးအတွက် အရပ်သားကိုယ်စားလှယ်တွေနဲ့ပေါင်းပြီး လိုအပ်သူတွေဆီအကူအညီတွေရောက်အောင်လုပ်ပေးနေတယ်လို့လည်း ဆိုပါတယ်။
NSPNC ကို ၂၀၂၁ ခုနှစ်မှာ စတင်ဖွဲ့ခဲ့ပြီး NCA ထိုးအဖွဲ့ခုနှစ်ဖွဲ့အပြင်လက်မှတ်မထိုးသုံးဖွဲ့နဲ့လည်းဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တရားမဝင်အတုအယောင်သမ္မတတုဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ထားပေမယ့် စစ်အုပ်ချုပ်ရေးလည်းထ ပ်ကြေညာထားပါတယ်။
အဲဒါဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုကိုဟန်ပြပြီး စစ်အုပ်ချုပ်ရေးအာဏာသက်ဆိုးရှည်ဖို့ပြုလုပ်နေတာဖြစ်သလို ပစ်ခတ်မှုစောင့်ကြည့်ရေးဟာလည်း ဖြစ်မှာမဟုတ်ဘူးလို့ တော်လှန်ရေးအဖွဲ့တွေက ဆိုကြပါတယ်။






