Border News Agency
ထိုင်း၊ ဧပြီ ၂၇။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဧပြီလ၂၈ ရက်၊ မနက်ဖြန်ပြဖွင့်ဖို့ပြင်ဆင်နေပါတယ်။
အဲဒီတံတားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လက ယာယီပိတ်ထားခဲ့ပြီးမြဝတီကုန်သွယ်ရေးဇုန်ကတင်ပို့နေတဲ့ ကုန်စည်အများစုကို ပင်လယ်ရေကြောင်းမှ ပြောင်းသယ်ခဲ့ကြရတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။
အဲဒီတံတားဟာ နှစ်နိုင်ငံကုန်သွယ်မှုပြ န်ကောင်းလာပြီး ကုန်စည်စီးဆင်းမှုတွေကို အဆင်ပြေလာဖို့ ကုန်သည်တွေမျှော်လင့်နေကြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နယ်စပ်ကုန်သွယ်ရေးအများစုရပ်တန့်ခဲ့သလို အာဏာသိမ်းစစ်တပ်လက်လွှတ်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။
ဒါပေမယ့်တရားမဝင်ရွေးကောက်ပွဲနောက်ပိုင်း တရားမဝင်အစိုးရဟာ နယ်စပ်ကုန်သွယ်ရေးတွေပြန်စဖို့ကြိုးစားနေတာဖြစ်ပါတယ်။






