Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

အဖွဲ့အစည်းတခု၏ အလေ့အထနှင့် စက္ကူကျားစံတန်ဖိုးများ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
8
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ မေ ၅။

ဖြစ်ရပ် – ၁

၂၀၂၂ ခုနှစ်၏ မိုးဦးကာလ၊ တိုက်ပွဲများ ရပ်နေသည့်အချိန်၊ ရခိုင်တောင်ပိုင်းဒေသ၏မြို့တခုတွင်ဖြစ်သည်။

နေလည်ခင်းပိုင်းများ၌ တက္ကသိုလ်မှကျောင်းသားများနှင့် ဆရာအချို့က လက်ဘက်ရည်ဆိုင်ထိုင်ရင်း စာသင်၊ စာမေးတတ်ကြသည်။

“ညဉ်းတို့ ရခိုင်တွေ အလကားပါ။”

“ဆရာ…အဲလိုမပြောပါနဲ့၊ သမီးတို့ ဘာဖြစ်နေလို့ပါလဲ။”

“ဟုတ်တယ်လေ၊တနိုင်ငံလုံးပွဲဆူနေတာ၊ နင်တို့ပဲ ထိုင်နေကြတယ်။ နင်တို့ အေအေလည်း အလကားပဲ။”

“ဘုန်း”(ကလေးမလေးက ခုံကို လက်ဖြင့်စိတ်ဆိုးစွာ ရိုက်လိုက်သည်)

“အလကားလို့ မပြောပါနဲ့ဆရာ။ အဲလို ပြောတာ သမီးမကြိုက်ပါဘူး။”

လူသူရှင်းသောလက်ဘက်ရည်ဆိုင်တခု၏ ဒေါင့်တနေရာတွင် ဆရာဖြစ်သူနှင့် တပည့်ဖြစ်သူတို့ တိုးတိုးလေးရန်တွေ့နေကြသံများဖြစ်သည်။

တပည်ဖြစ်သူမိန်းကလေးမှာ ရခိုင်တောင်ဘက်အစွန်းဆုံးနေရာက ဖြစ်သ ည်။

ခေတ်လူငယ်အလျောက် ပုံစံကလွတ် လပ်ပေါ့ပါးလျှက်၊ နိုင်ငံရေးဘာညာလည်းစိတ်ဝင်စားပုံမပေါ်၊ ဆရာဖြစ်သူက ပြည်မဘက်က ဖြစ်ပုံရသည်။

လူလတ်ပိုင်းအရွယ် တည်တည်ငြိမ်ငြိမ်ဖြင့်။

ဆရာတပည့်နှစ်ယောက်က ရန်ခဏဖြစ်လိုက်ကြပြီးနောက် စာဆက်သင်ကြသည်။

ဖြစ်ရပ် – ၂

ရခိုင်တောင်ပိုင်းသို့ တိုက်ပွဲများအရိပ်အယောင်သန်းလာချိန်။

ရခိုင်တောင်ပိုင်းဒေသခံမိသားစုတစု ပြည်မဘက်စစ်ရှောင်ကြသည်။

လမ်းပေါ်တွင် ULA/AA ဂိတ်နှင့်တွေ့သည်။ ဂိတ်က ဆက်သွားခွင့်မပြု။

မိခင်ဖြစ်သူက သူမ၏သားဖြစ်သူကို ကြည့်လိုက်ပြီး ဂိတ်တွင်တာဝန်ကျနေသူအား တောင်းပန်လိုက်သည်။

“ဆရာတို့ရယ်၊ကျွန်မသားလေး ပညာရေးက ရှိနေသေးလို့ပါ။”

“ခွီးတိသင်တဲ့စာကို ဒေနေရာကလူတိ ကောင်းပင်သင်ချင်နီကတ်တေကား၊ ယင်းခွီးစာကို ဇာလုပ်ဖို့လဲ၊ လုံးဝမလားဂေ့”

ထိုမိသားစု ရှေ့ဆက်မတိုးနိုင်ခဲ့တော့။ လာရာလမ်းသို့ ပြန်လှည့်ခဲ့ရသည်။

ဤဖြစ်ရပ်များက ဟိုးအတိပ်တွင် ကျန်ခဲ့ပြီ မှုံမိုင်းရီခဲ့ပြီဖြစ်သည်။

ဖြစ်ရပ် ၁ ထဲမှ ဆရာတပည့်နှစ်ယောက်သည်လည်းကောင်း၊ ဖြစ်ရပ် ၂ မှ မိသား စုသည်လည်းကောင်း လက်ရှိအချိန်တွင် ဘယ်သောင်ဘယ်ကမ်းသို့ရောက်နေကြပြီမသိ။

အာရက္ခပြည်၏လက်ရှိလူမှုဘဝအကျပ်အတည်များအောက်တွင် မည်သို့ရှင် သန်နေကြသေးသည်ကိုလည်း မသိတော့။

လူမျိုးတိုင်းတန်းတူရေး၊ လွတ်မြောက်ရေး၊ စည်းလုံးညီညွတ်ရေးသည် အာရက္ခတပ်တော်၏ အခြေခံကျသောစိတ်နေစိတ်ထားဖြစ်သည်ဟူ၍ ULA/AA၏ (X) twitter လူမှုကွန်ရက်တွင်ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ဇွန်လ ၇ ရက်စွဲဖြင့်ဖော် ပြထားသည်ကို တွေ့ဖူးခဲ့သည်။

ထိုစိတ်နေစိတ်ထားမှာ(X)twitter ပေါ်တွင်ရှိပြီး မြေပြင်အောက်ခြေတွင် မည်သည့်နေရာ ရောက်နေမှန်းမပြောတတ်ပေ။

ထိုကျင့်ဝတ်တန်ဖိုးဟူသည် အဖွဲ့အစည်းအတွက် မယိမ်းမယိုင်သောစွဲကိုင်ထားမှု(Organizational Ethos )သာဖြစ်ရမည်။

နိုင်ငံရေးရောင်းတန်းဝင်ရန် ဟန်ပြမှု (Political Window Dressing)မျိုး မဖြစ်ရချေ။

ထိုကျင့်ဝတ်တန်ဖိုးကို အလေးထားမှုဆိုသည်မှာလည်း လူဗီဇအရခဏခဏ သတိပေးနေမှတော်ကာကျသည့်အရာဖြစ်သည်။

ကမ္ဘာပေါ်ရှိ မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူ့ဘောင်မှကျင့်ဝတ်တန်ဖိုးအား တခါပြောပြီး အသိပေးပြီးသည်နှင့် နောက်ထပ်အသိပေးစရာမလိုဟူ၍မရှိချေ။

ထိုကျင့်ဝတ်စံနှုန်းများအား လက်တွေ့အကောင်အထည်ဖော်ရန် စိတ်မပါဘဲ ပါးစပ်ကသာ “လုပ်နေသည်။ ဆောင်ရွက်နေသည်။”ဟု ပြောဆိုနေခြင်းက (Lip Service)ဖြစ်သည်။

လျှာတွင်အရိုးမရှိ၍ပြောနေခြင်းဟူ သောသဘောဖြစ်သည်။ Lip Service အမှုအကျင့်က တဖက်တွင် ကြောက်စရာကောင်းသောနှုတ်ချိုသွေးရိုင်းဝါဒ(Euphemism)မျိုးကို လမ်းဖွင့်ပေးတတ်သည်။

နှုတ်ချိုသွေးရိုင်းအမူအကျင့် (Euphemism)မှာ လုပ်ရပ်က မည်မျှပင်ကြမ်းကြုတ်မှုဖြစ်နေပါစေ။

ထိုလုပ်ရပ်မှာ လိုအပ်၍လုပ်ရသည့် သူတော်စင်လမ်းသဖွယ် အဓိပ္ပါယ်ဖွင့်ဆိုလာခြင်းဖြစ်သည်။

ခမာနီများအစုလိုက်အပြုံလိုက်သတ် ဖြတ်မှုအားကျူးလွန်မှုတွင် ထိုသတ်ဖြတ်မှုမှာ လိုအပ်ချက်ဖြစ်သည်ဟု ခမာနီအဖွဲ့အစည်းအတွင်း လှုံဆော်မှုသည်လည်း နှုတ်ချိုသွေးရိုင်းအမှုအကျင့်ဖြစ်သည်။

ထိုထားရှိအပ်သောကျင့်ဝတ်စံတန်ဖိုးများအား နိုင်ငံရေးရောင်းတန်းဝင်ရန် ဟန်ပြမှု(Political Window Dressing) အဖြစ်သာထားပါက(Lip Service)အမှုအကျင့် ဖြစ်လာတတ်သည်။

ထိုသို့ဖြစ်လာပါက ကျင့်ဝတ်စံတန်ဖိုးဟူသည် စက္ကူကျားစံတန်ဖိုး(Paper Tiger Laws)များသာဖြစ်လာတော့သ ည်။

စာရွက်ပေါ်တွင်ဖော်ပြချက်မှာ အင်မတန်မှတန်ဖိုးကြီးမားသော်လည်း မြေပြင်တွင် မည်သည့်အဖွဲ့ဝင်ကမှဂရုမစိုက်သည့်စည်းမျဉ်းများ ဖြစ်သွားတော့သည်။

အုပ်ချုပ်သူအတွက်စက္ကူ လူထုအတွက်ကျား

စက္ကူကျားစံတန်ဖိုးဟူသည် တဖက်တွင် “အုပ်ချုပ်သူအတွက်စက္ကူ”၊လူထုအတွက်ကျား”ဆိုသည့်သဘောရောက်လာတတ်သည်။

သာမန်ပြည်သူများအပေါ် ကျင့်ဝတ်စံနှုန်ဥပဒေဖြင့်အရေးယူပြီး အာဏာရှိသူများအတွက် ထိုကျင့်ဝတ်စံနှုန်းဥပဒေမှာအသက်မဝင်ဟူသော(Double Standard)အမှုအကျင့်ကိုဖြစ်စေသည်။

ထို(Double Standard)အမှုအကျင့် ဖြစ်လာပါက ကျင့်ဝတ်စံနှုန်းဥပဒေဟူသည် အုပ်ချုပ်သူလူတန်းစားအတွက် အောက်ခြေနှင့်ပြည်သူအပေါ် နှိပ်ကွပ်ရန် လက်နက်သဖွယ်အသုံးချစရာသာ ဖြစ်ပြီး အုပ်ချုပ်သူများက ထိုကျင့်ဝတ်စံနှုန်းဥပဒေ၏ အပေါ်တွင် ရှိနေခြင်းဆိုသည့်(Rule by law)သဘောမျိုးဖြစ်လာသည်။

ဤအင်္ဂါရပ်များ အဖွဲ့အစည်းထဲတွင် တစိတ်တဒေသအသေးငယ်ဆုံးအပိုင်းမှ စတင်ဖြစ်ထွန်းလာလျှင် ကိုယ်တိုင်ထုတ်ပြန်ထားသောကျင့်ဝတ်စံတန်ဖိုး စည်းမျဉ်းများကိုချိုးဖောက်ပြီးမည်သည့်အရေးယူခံရမှု၊ တာဝန်ယူမှုမရှိသော (Lack of Accountability)အလေ့အထမျိုးခေါင်းထောင်တော့သည်။

ထိုအလေ့အထက တဖက်တွင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသောယဉ်ကျေးမှု (Culture of Impunity )ကို အားကောင်းစေပြန်သည်။

ထိုပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသော ယဉ်ကျေးမှုဟူသည်အခြားမဟုတ် မိမိတို့တွင် လက်နက်၊ အာဏာရှိသည်ဖြစ်၍ ကျင့်ဝတ်စံနှုန်းတန်ဖိုးကို ဂရုစိုက်စရာမလို၊ ဘာလုပ်လုပ်အရေးမယူခံရဆိုသောယုံကြည်ချက် စွဲကပ်သွားကာ ပြည်သူကို ပြန်ပြီးစိန်ခေါ်လာသည့်လက္ခဏာလည်းဖြစ်သည်။

ဤဆောင်းပါး၏အစ ဖြစ်စဉ် ၁နှင့်၂ ကိုပြန်သွားပါမည်။

ရခိုင်တောင်ဘက်အစွန်းဆုံးနေရာမှနိုင်ငံရေးအကြောင်း ဘာမှမသိသောဆယ်ကျော်သက်ကျောင်းသူမိန်းကလေးငယ်တဦးသည် သူ၏ဆရာဖြစ်သူကို “နင်တို့ ရခိုင်တွေအလကား” ဟူသောစကားလုံး ကို ဘာမှန်းမသိညာမှန်းမသိ စိတ်ဆိုးဖူးသည်။

ထိုသို့စိတ်ဆိုးခဲ့မှုကိုလည်းဖြစ်စဉ် ၂ ထဲမှ “မလားဂေ့” ဟု တားဆီးသူအဖွဲ့ဝင် သိလည်းမသိပေ။ သိခဲ့လျှင်လည်း နားလည်အသိအမှတ်ပြုမည်ပုံမရှိပေ။

သူ့တို့အတွက် ခံတွင်းတွေ့နေသည်က လေယူလေသိမ်းကွဲပြားမှုကို ကြမ်းတမ်းစွာတုန့်ပြန်မှုသာဖြစ်သည်။

သို့သော် ထိုမိန်းကလေးငယ်ကိုယ်တိုင်သာအဆိုပါဂိတ်မှအဖွဲ့ဝင်များ၏ ကြမ်းတမ်းသောဆက်ဆံမှုကို ကြုံတွေ့ခဲ့ရပါက သူမ၏ဆရာဖြစ်သူကို စိတ်ဆိုးရန်တွေ့ချင်စိတ်ရှိအုံးမည်လားဟု တွေးစရာဖြစ်စေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် Nationalism ဟူသည် လူ၏ဗီဇစိတ်အရအငုံအဖြစ်ရှိနေသော်လည်း အသိအမှတ်ပြုတည် ဆောက်ယူရသောအရာဖြစ်သည်။

လူ့ဂုဏ်သိက္ခာ(Human Dignity)ကိုသာ အသိအမှတ်မပြုပါက ထို Nationalism ဆိုသည်မှာလည်း မည်သူမဆိုခမ်းခြောက်ကုန်သွားတတ်၍ဖြစ်သည်။

PrevPrevious​ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်ရွှေ့တာဟာ သံတမန်ရေးရာလှည့်ကွက်သာဖြစ်တယ်လို့ Suu Foundation ဆို
Next​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ကုန်သွယ်ရေးသင်္ဘောနှစ်စင်း ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့Next
Previous Post

​ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်ရွှေ့တာဟာ သံတမန်ရေးရာလှည့်ကွက်သာဖြစ်တယ်လို့ Suu Foundation ဆို

Next Post

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ကုန်သွယ်ရေးသင်္ဘောနှစ်စင်း ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မင်းပြားမြို့နယ်လေကြောင်းတိုက်ခံရမှုမှာ သေဆုံးဒဏ်ရာရသူတွေရှိ

May 9, 2026

ကျောက်တော်လေကြောင်းတိုက်ခံရမှု သုံးဦးသေပြီးဆယ်ဦးဒဏ်ရာရ

May 9, 2026

ပြင်ဦးလွင်မှာ ငွေကျပ် ၂၉၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိ

May 9, 2026
ဓာတ်ပုံ - KNU

ဘီးလင်းနဲ့ဖားအံမှာ အာဏာသိမ်းစစ်တပ် လေကြောင်း တိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

May 8, 2026

ကျောက်တော်လေကြောင်းတိုက်ခံရမှု သုံးဦးသေပြီးဆယ်ဦးဒဏ်ရာရ

ပြင်ဦးလွင်မှာ ငွေကျပ် ၂၉၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိ

ဘီးလင်းနဲ့ဖားအံမှာ အာဏာသိမ်းစစ်တပ် လေကြောင်း တိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

အိုမန်ပင်လယ်ကွေ့မှာ ဆီတင်သင်္ဘောတစီးကို အီရန်တော်လှန်ရေးအစောင့်တပ်သိမ်းဆည်း

ကနီမြို့နယ်မှာ စတားလင့်အင်တာနက်ကို အုပ်ချုပ်ရေးအဖွဲ့ယာယီပိတ်

ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်တွေ့

Releated Post

ကျောက်တော်လေကြောင်းတိုက်ခံရမှု သုံးဦးသေပြီးဆယ်ဦးဒဏ်ရာရ

May 9, 2026

ပြင်ဦးလွင်မှာ ငွေကျပ် ၂၉၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းမိ

May 9, 2026
ဓာတ်ပုံ - KNU

ဘီးလင်းနဲ့ဖားအံမှာ အာဏာသိမ်းစစ်တပ် လေကြောင်း တိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

May 8, 2026

အိုမန်ပင်လယ်ကွေ့မှာ ဆီတင်သင်္ဘောတစီးကို အီရန်တော်လှန်ရေးအစောင့်တပ်သိမ်းဆည်း

May 8, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

ကနီမြို့နယ်မှာ စတားလင့်အင်တာနက်ကို အုပ်ချုပ်ရေးအဖွဲ့ယာယီပိတ်

May 8, 2026

ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်တွေ့

May 8, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page