Border News Agency
ကျောက်တော်၊မေ ၈။
မင်းပြားနဲ့ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာတွေနဲ့အကျဉ်းထောင်တချို့ကို အာဏာသိမ်းစစ်တပ်က မေလ ၇ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
အဲဒီ မင်းပြားမြို့နယ်ထဲက ကျေးရွာတွေကိုမေလ ၇ ရက်၊နေ့လည်ပိုင်းမှာ မိနစ် ၄၀ ကြာအောင် တရစပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသူတွေရှိခဲ့သလို အဆောက်အအုံနဲ့ ကျွဲနွားတွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကျောက်တော်မြို့နယ်၊သုံးခွအနီးကိုလည်း အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်၄ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၈ လုံး၊Cluster Bomb ၂၄ လုံးထိတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင် ကလေးငယ် ၁ ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ဦးနဲ့ အရပ်သား ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဒေသခံတွေပိုင်တဲ့ နွား ၇ ကောင်လည်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို နေ့စဥ်ကင်းထောက်ပြီး တိုက်လေယာဥ်အုပ်စုလိုက်နဲ့ လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတာကြောင့် ပြည်သူတွေသတိထားကြဖို့ အသိပေးထားပါတယ်။






