Border News Agency
ပဲခူး၊ မေ ၂၀။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နားမှာ မေလ ၁ ရက်နေ့က မူးယစ်ဆေးသယ်လာတဲ့ အောင်လကျော်နဲ့ အောင်ကျော်မိုးတို့ကို WY စိတ်ကြွဆေးပြား ၃၂ သိန်းနဲ့အတူ အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက ဖမ်းခဲ့ပါတယ်။
အဲဒီဆေးပြားတွေဟာ ရန်ကုန်က ဦးမိုးကျော်ထွေးနဲ့ ဦးရန်နိုင်တို့ပိုင်တာဖြစ်ပြီး သူတို့ဟာအာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်နေသူတွေဖြစ်ကာ စစ်တပ်ဂိတ်တွေလုံးဝမစစ်ဆေးဘဲ ဖြတ်သန်းခွင့်ပြုခဲ့တာလို့ တရားခံတွေထွက်ဆိုပါတယ်။
အဲဒီအမှုကို အာရက္ခအစိုးရတရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက မူးယစ်ဆေးဝါးဥပဒေနဲ့ မေလ ၁၅ ရက်နေ့မှာ အမှုဖွင့်ပြီး ကွင်းဆက်တရားခံတွေကို ဆက်ဖော်ထုတ်နေပါတယ်။
အာရက္ခတပ်တော်လှုပ်ရှားနယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးလုပ်နေပြီး မူးယစ်ဆေးဝါးပပျောက်ရေးအပြင်အွန်လိုင်းငွေလိမ်ဂိုဏ်းလုံးဝမရှိစေရမူနဲ့ နှိမ်နင်းနေတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တပ်ပျက်နေတဲ့ကာလမှာ အဂတိလိုက်စားမှုတွေကို ဗြောင်ကျကျလုပ်နေပြီး စစ်တပ်ထိန်းချုပ်နယ်မြေအများစုမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးရောင်းဝယ်ရင် အနည်းဆုံးထောင်ဒဏ်ဆယ်နှစ်မှ နှစ်အကန့်အသတ်မရှိချမှတ်မှာဖြစ်ပြီး ပြည်သူတွေဟာ မှုခင်းသတင်းတွေကို တယ်လီဂရမ် @arakkhadleps နဲ့အီးမေးလ် arakkhadleps@protonmail.com ကတဆင့် ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။




