Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

မြေယာ၊ပဋိပက္ခနှင့် ကုလသမဂ္ဂ – ၉

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဇွန် ၂။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်း ညွှန်ချက်မှတ်စု။

ခ.၅။ နိုင်ငံတော်အဆင့်ဝင်ရောက်စွက်ဖက်မှုတွင် မြေယာနှင့်ပဋိပက္ခသက်ဆိုင်သောအချက်ကို ထည့်သွင်းခြင်း။

ကုလသမဂ္ဂမှဝင်ရောက်စွက်ဖက်ရသောအခါ နိုင်ငံအဆင့်တွင် မြေယာနှင့် ပဋိပက္ခကြားသက်ဆိုင်သောအချက်များကို ထည့်သွင်းရမည်ဖြစ်သည်။

မြေယာနှင့်ပဋိပက္ခကြားဆက်စပ်သော အချက်များမှာ အောက်ဖော်ပြပါခေါ င်းစဉ်များတွင် ပါဝင်ရမည်ဖြစ်သည်။

  • “-ငြိမ်းချမ်းရေးသဘောတူညီချက်ကိစ္စရပ်များ။
  • ဝင်ရောက်ဖြန့်ဖြေညှိနှိုင်းမှုများနှင့်အ ငြင်းပွားမှုဖြေရှင်းမှုကိစ္စရပ်များ။
  • တရားဥပဒေစိုးမိုးရေးအတွက်ဆောင် ရွက်ချက်ကိစ္စရပ်များ။
  • ပြည်တွင်နေရပ်စွန့်ခွာသူများနှင့်ဒုက္ခ သည်များအတွက် ထည့်သွင်းစဉ်းစားရမည့်ကိစ္စရပ်များ။
  • လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်း ချုပ်ထားသောနေရာများနှင့်သက်ဆိုင်သည့်ကိစ္စရပ်များ။”စသည့်မြေယာကိစ္စရပ်အားထည့်သွင်းစဉ်းစားရမည်ဖြစ်သ ည်။

မြေယာကိစ္စရပ်အား ထည့်သွင်းစဉ်းစားရမည့် အခြားနယ်ပယ်များတွင်…

“-မြေယာသတင်းအချက်အလက်စီမံခန့်ခွဲမှုကိစ္စရပ်များ။

  • မြေယာမူဝါဒ၊မြေယာစီမံခန့်ခွဲမှု၊မြေ ယာပြုပြင်ပြောင်းလဲမှု၊အငြင်းပွားခြင်းအားဖြေရှင်းမှုနှင့်အရည်အသွေးတိုးတ က်စေရန်အားထုတ်ကိစ္စရပ်များ။
  • နိုင်ငံတခုအတွင်းရှိ အစိုးရ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်၎င်းနိုင်ငံထဲရှိ နိုင်ငံတကာအဖွဲ့အစည်းများ၏အခန်းကဏ္ဍကိစ္စရပ်များ”စသည့်နယ်ပယ်များလည်း ပါဝင်သည်။

ထိုသို့ထည့်သွင်းစဉ်းစားရမည့်အချက်များကို အသေးစိတ်ထပ်မံဖော်ပြထား သည်။

  • ငြိမ်းချမ်းရေးသဘောတူညီချက်များတွင် မြေကိစ္စရပ်အားထည့်သွင်းခြင်း။

မြေကိစ္စရပ်သည်…

  • ပဋိပက္ခကိုဖြစ်စေသောအဓိကအ ကြောင်းရင်း သို့မဟုတ် ပဋိပက္ခကိုဖြစ်စေရန် စတင်လိုက်သောစနက်တံဖြစ်နေသည်ဟု သတ်မှတ်နိုင်သောအခြေ အနေမျိုးမှာရှိနေတတ်သည်။

ထို့ပြင်မြေယာကိစ္စရပ်သည် ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှုကို အနှောင့်အယှက်ဖြ စ်စေသောအချက်များနှင့်လည်း ဆက် နွယ်နေတတ်သည်။

ထိုသို့အခြေအနေမျိုးများရှိနေလျှင် မြေကိစ္စရပ်အား…

၁ – နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးမှု၊

၂ – ငြိမ်းချမ်းရေးသဘောတူညီမှု၊

၃ – အထက်ပါအချက် ၁ နှင့် ၂အား အ ကောင်အထည်ဖော်မှု။

၄ – ထိုသို့အကောင်အထည်ဖော်ရန် ကုန် ကျစာရိတ်အားတွက်ချက်မှုစသည့်နယ် ပယ်များထိ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

  • ငြိမ်းချမ်းရေးတည်ဆောက်ရန် ဝင်ရောက်စွက်ဖက်မှုများကြောင့်…

“၁ – မြေယာကိစ္စရပ်များ၏ရှုပ်ထွေးချိ တ်ဆက်နေသောအခြေအနေများ (Nexus)။

၂ – ဇာတ်မြစ်များ(Root)။

၃ – ထပ်၍အကြိမ်ကြိမ်ဖြစ်နေမှုများ (Relapse)။”စသည့် အခြေအနေများကို ကုစားနိုင်ရမည်ဖြစ်သည်။

  • ပြည်တွင်းနေရပ်ရွေ့ပြောင်းနေရသူ (IDPs)များ၏ လိုအပ်ချက်များကို ထောက်ပံ့ရာတွင်လည်း မြေယာကိစ္စရပ်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သ ည်။

အထူးသဖြင့် မိသားစုစားဝတ်နေရေးကို တာဝန်ယူနေရသော အမျိုးသမီးများနှင့်၎င်းတို့မိသားစုဝင်များ၏လိုအ ပ်ချက်ကို ထောက်ပံ့ရာတွင် မြေယာကိ စ္စရပ်ကို ထည့်သွင်းစဉ်းစားရမည်။

IDPsများနှင့်မိသားစုအရေးခေါင်းပေါ်ထမ်းနေရသောအမျိုးသမီးများသည် မကြာခဏဆိုသလို အခြားသောလူမှုစီးပွားဆိုင်ရာဝန်ဆောင်မှုများကိုရရှိရန် မြို့ပြနေရာများကို ပြောင်းရွေ့နေရသည်။

၎င်းတို့တွင်အိုးအိမ် သို့မဟုတ် မြေယာအား အမည်ပေါက်သုံးစွဲခွင့် ရရန်အတွ က်လည်းကောင်း၊ပဋိပက္ခ၏တာညော င်းရှည်ကြာနေသော ပတ်ဝန်းကျင်မှ လွတ်မြောက်စေရန်လည်းကောင်း မြိပြဧရိယာများသို့ ရွေ့ပြောင်းနေရသည်။

ထိုကဲ့သို့ကိစ္စရပ်များတွင်၎င်းတို့၏ မြေယာကိစ္စရပ်အား ထည့်သွင်းစဉ်းစားရမ ည်ဖြစ်သည်။

မြေယာကိစ္စများကိုဆောင်ရွက်ရာတွင်…။

၁ – ပဋိပက္ခ၏ဇစ်မြစ်ကို သုံးသပ်ခြင်း/သုံးသပ်ချက်ကို ဖြန့်ဝေခြင်း။

၂ – အကောင်အထည်ဖော်နေသော အစီ အစဉ်များထဲတွင် ပဋိပက္ခအား ထိန်းကျောင်းကိုင်တွယ်ခြင်း စသည့်အချက်များပါဝင်ရမည်ဖြစ်သည်။

  • မြေယာအပေါ်ကိုင်တွယ်ရန် အသစ်ဖွဲ့ စည်းသောအင်စတီကျူရှင်းများ၊ဖြစ် စဉ်များအနေဖြင့်ရှုပ်ထွေး၍မျက်နှာမူစရာများစွာဖြင့် ရင်ဆိုင်ရမည်ကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်သည်။

မျက်နှာချင်းဆိုင်လာရမည့်အချက်များတွင် သမိုင်းကြောင်းတလျှောက် တရားမျှတမှုမရှိသောအချက်များကို ဖော်ထုတ်လာခြင်းကဲ့သို့ အချက်များလည်းပါဝင်လာမည်ဖြစ်သည်။

မြေယာအုပ်ချုပ်မှုအဆင့်တိုင်း၌ညှိနှိုင်းမှု၊အငြင်းပွားမှုအား ဖြေရှင်းမှုများကို အရှိန်မြင့်ဆောင်ရွက်နိုင်ရမည်ဖြစ် သည်။

ထိုသို့ဖြေရှင်းရာတွင် ပြန်လည်နေရာချထားရေးအစီအစဉ်များ၊အိုးအိမ်ရရှိမှုများ၊လျော်ကြေး(Restitution)နှင့်နစ်နာ ကြေး(Compensation)ဆိုင်ရာကိစ္စရပ်များကိုဦးစားပေးအကောင်အထည်ပေးသည့် ယန္တရားရှိရမည်ဖြစ်သည်။

ထိုအစီအစဉ်များနှင့်ယန္တရားများက အိုးအိမ်၊မြေယာနှင့် ပိုင်ဆိုင်မှုအခွင့်အရေးများကို ချိုးဖောက်ခံရသူများအတွ က် ပြန်လည်ကုစားမှုကို သေချာစေရမည်ဖြစ်သည်။

မြေယာမှတ်ပုံတင်ခြင်းအပေါ် လက်ဝါးကြီးအုပ်ထားမှုများကိုလည်း တားဆီးနိုင်ရမည်ဖြစ်သည်။

ရာဇဝတ်မှုမြောက်သည့် မြေသိမ်းမှုများအတွက် အရေးယူနိုင်မည့်ဥပဒေဆိုင်ရာအပြောင်းအလဲများကိုလည်း ဖြစ်ပေါ်စေရမည်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

PrevPreviousမလွတ်မြောက်သေးသောရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၄
Previous Post

မလွတ်မြောက်သေးသောရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၄

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မလွတ်မြောက်သေးသောရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၄

June 1, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ နယူးဒေလီမှာ တွေ့ဆုံဆွေးနွေး

June 1, 2026

စိမ်းလန်းသော အာရက္ခပြည်စီမံကိန်း လက်ကမ်းစာစောင်တွေအာရက္ခအစိုးရ ဖြန့်ဝေ

June 1, 2026

သင်္ဘောလှရွာကြောင့် စိတ်ဝမ်းမကွဲကြဖို့ သက္ကမလူမျိုးရေးရာကော်မတီ တောင်းဆို

June 1, 2026

မလွတ်မြောက်သေးသောရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၄

မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ နယူးဒေလီမှာ တွေ့ဆုံဆွေးနွေး

စိမ်းလန်းသော အာရက္ခပြည်စီမံကိန်း လက်ကမ်းစာစောင်တွေအာရက္ခအစိုးရ ဖြန့်ဝေ

သင်္ဘောလှရွာကြောင့် စိတ်ဝမ်းမကွဲကြဖို့ သက္ကမလူမျိုးရေးရာကော်မတီ တောင်းဆို

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးနဲ့ မင်းအောင်လှိုင်တွေ့

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၈

Releated Post

မလွတ်မြောက်သေးသောရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၄

June 1, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ နယူးဒေလီမှာ တွေ့ဆုံဆွေးနွေး

June 1, 2026

စိမ်းလန်းသော အာရက္ခပြည်စီမံကိန်း လက်ကမ်းစာစောင်တွေအာရက္ခအစိုးရ ဖြန့်ဝေ

June 1, 2026

သင်္ဘောလှရွာကြောင့် စိတ်ဝမ်းမကွဲကြဖို့ သက္ကမလူမျိုးရေးရာကော်မတီ တောင်းဆို

June 1, 2026
Photo - Popular News

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးနဲ့ မင်းအောင်လှိုင်တွေ့

June 1, 2026

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၈

June 1, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page