Border News Agency
တရုတ်၊ဇွန် ၁၂။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လာမယ့်ဇွန်လ ၁၅ ရက်နေ့မှ၁၉ ရက်နေ့ထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရထုတ်ပြန်ပါတယ်။
မင်းအောင်လှိုင်ဟာ သမ္မတအဖြစ်တာဝန်ယူပြီးနောက် ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် တရုတ်ကိုသွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဇွန်လအစပိုင်းမှာအိန္ဒိယနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
ရခိုင်မှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအများအပြားရှိနေသလို နှစ်နိုင်ငံကြားမဟာဗျူဟာမြောက်ကိစ္စရပ်တွေကြောင့် တရုတ်ခရီးစဉ်ကို နိုင်ငံတကာကစိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရသွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်းစီးပွားရေးနဲ့ နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို အဓိကထားဆွေးနွေးသွားဖို့ ရှိနေပါတယ်။
အဲဒီခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးမယ့်အချက်အလက်တွေကိုတော့ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပေမယ့် အသွင်ပြောင်းအစိုးရရဲ့ အဓိကမဟာဗျူဟာမြောက် ခရီးစဉ်အဖြစ်သတ်မှတ်ထားကြပါတယ်။









