Border News Agency
ဂွ၊ဇွန်လ၂၈။
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဂွမြို့နယ်သို့ ဝင်နိုင်ဖို့အာဏာသိမ်းစစ်တပ်ကြိုးစားနေတာမို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းမှနေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ရေလမ်းကလည်း နည်းအမျိုးမျိုးထိုးဖောက်ကြိုးစားနေတာမို့ အာရက္ခ-ဧရာဝတီအစပ်နေရာတွေမှာ တိုက်ပွဲတွေနေ့စဉ်ရက်ဆက်ပြင်းထန်နေတာလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့အမှတ်၃၄၄ အမြောက်တပ်နဲ့ပုသိမ်အခြေစိုက်တပ်ရင်းတွေကထုတ်နုတ်အင်အားလေးရာကျော်နဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာလို့ ထုတ်ပြန်ပါတယ်။
အဲဒါကြောင့် အာရက္ခ-ဧရာဝတီအစပ်မှာတိုက်ပွဲတွေပိုမိုပြင်းထန်နေခဲ့ပြီးအာဏာသိမ်းစစ်တပ်ဟာ ကြိမ်ဖန်များစွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးလို့ဆိုပါတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ထိုးစစ်တိုင်းကိုအကောင်းဆုံးခုခံစစ်တွေနဲ့အတူ တန်ပြန်တိုက်စစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ဆိုပါတယ်။
အဲဒီဂွမြို့နယ်ကို ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၉ ရက်နေ့က အာရက္ခတပ်တော်အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
အဲဒီနောက်ဂွမြို့နယ်အစပ်ဧရာဝတီတိုင်းထိ အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးအာဏာသိမ်းစစ်တပ်ရဲ့ပွိုင့်ကုန်းတွေထိသိမ်းပိုက်ထားပြီဖြစ်ပါတယ်။









