Border News Agency
ဘူးသီးတောင်၊ ဇူလိုင် ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်ကို ဇူလိုင်လ ၁ ရက်၊ ဒီနေ့မနက်ဆယ်နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဘူးသီးတောင်မြို့နဲ့စိုင်းဒင်တံတားကြားနေရာတွေကို လေယာဥ်အုပ်ကအနည်းဆုံးဆယ်လုံးထိဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် နေရာအတိအကျကိုမသိရသေးဘူးလို့ ဘူးသီးတောင်မြို့ခံတွေက ဆိုကြပါတယ်။
“ဘူးသီးတောင်နဲ့ဒုံးသိမ်ကြားကိုဆယ်လုံးလောက်ချပစ်ခဲ့တာပါ။ ဘယ်နေရာလည်းအတိအကျမသိရသေးပါဘူး။ ပေါက်ကွဲသံတွေအကျယ်ကြီးကြားရပါတ ယ်။”လို့ ဘူးသီးတောင်မြို့ခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီနေရာတွေမှာ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟောင်းအပြင် အမှတ် ၅၅၁ ခြေမြန်တပ်ရင်းဟောင်းလည်းတည်ရှိပါတယ်။
အဲဒီနေရာတွေကို အာရက္ခတပ်တော်ကအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
နောက်ဆက်တွဲသတင်းကို ဆက်ဖော်ပြပါမယ်။






