Border News Agency
ပုဏ္ဏားကျွန်း၊ဇူလိုင် ၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ပြန်ဝင်နိုင်ဖို့ကြိုးစားနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်အစပ်မင်းချောင်းတံတားမှာ အာဏာသိမ်းစစ်တပ်ခံစစ်အခိုင်အမာတည်ဆောက်အင်အားဖြည့်ထားပြီး ပုဏ္ဏားကျွန်းကို သံချပ်ကားတွေအသုံးပြုဝင်နိုင်ဖို့ကြိုးစားနေတာလို့ ဆိုကြပါတယ်။
”အဲဒီတံတားမှာစစ်တပ်ရှိနေတုန်းပါ။ခံ စစ်အခိုင်အမာပြုလုပ်ထားပါတယ်။အဲ ဒီစခန်းကပစ်တာတွေရှိပါတယ်။ထိခို က်တာတွေတော့မရှိပါဘူး။”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအပြင်အမြင့်ကျွန်းရေတပ်စခန်းမှာလည်းအမြန်ရေယာဥ်တွေအသုံးပြုက င်းလှည့်နေသလိုစစ်သည်အင်အားဖြည့်တင်းထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းအစပ်နေရာတွေမှာကု န်းရေနှစ်နေရာစလုံးမှာစစ်သည်လက်န က်ဖြည့်တင်းထားပြီး ပုဏ္ဏားကျွန်းကိုပြ န်ဝင်နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားနေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“သူတို့ကတင့်ကားသုံးစီးနဲ့မင်းချောင်းတံတားကနေဖြတ်ဝင်ဖို့ကြိုးစားတာပါ ။မင်းချောင်းတံတားထိရောက်ခဲ့ပါတ ယ်။နာရီခွဲခန့်အကြာမှာ ပြန်လှည့်သွားကြပါတယ်။ထိတွေ့ပစ်ခတ်တာတွေတော့မရှိခဲ့ပါဘူး။”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်တွေမြို့နယ်ကို အာရက္ခတပ်တော်ကအပြီးသတ်သိမ်းပိုက်ဖို့ကြိုး စားထိုးစစ်ဆင်နေသလို အာဏာသိမ်းစစ်တပ်လည်း ပုဏ္ဏားကျွန်းမြို့နယ်ကိုပြန်သိမ်းနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုကြပါတယ်။










