Border News Agency
ကရင်ပြည်၊ ဇူလိုင် ၇။
မောင်းသူမဲ့စစ်ဘက်သုံးစက်ရုပ် HOD-Robot Alpha V1.1 ကို ကိုယ်တိုင်စမ်းသပ်တီထွင်ထုတ်လုပ်ထားတယ်လို့ သေမင်းတမန်ပြည်သူ့ကာကွယ်ရေးတပ်(Harbinger Of Death – PDF)တပ်ဖွဲ့မှ ဇူလိုင်လ ၆ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီစက်ရုပ်ကို ထိန်းချုပ်ရေးစနစ် နောက်ဆုံးအဆင့်စမ်းသပ်တာနဲ့ UGV စက်ရုပ်အဆင့် စတင်တဲ့အခြေအနေကို ရုပ်သံမှတ်တမ်းနဲ့တကွအသိပေးထုတ်ပြထားတာပါ။
အဲဒီစက်ရုပ်ယာဉ်ပေါ်မှာ လက်နက်တပ်ဆင်ထားပြီး ၃၆၀ ဒီဂရီလှည့်ပတ်ပစ်ခတ်နိုင်တဲ့အပြင် အနိမ့်အမြင့်ပစ်မှတ်တွေကိုလည်း ပစ်ခတ်နိုင်သလို မောင်းနှင်ထိန်းချုပ်သူမပါဘဲ အဝေးထိန်းစနစ်နဲ့ အသုံးပြုနိုင်တာဖြစ်ပါတယ်။
စက်ရုပ်စနစ်အတွက် UGV မောင်းသူမဲ့စစ်ဘက်သုံးယာဉ်မှာတပ်ဆင်ဖို့ ဆိုင်ကယ်စွန့်ပစ်ပစ္စည်းတွေသာသုံးပြီး လက်နက်စနစ်စမ်းသပ်ရာမှ လက်ရှိအဆင့်အထိရောက်ရှိလာတာဖြစ်ပြီး နည်းပညာစနစ်ပိုင်းစမ်းသပ်မှုအားလုံးအတွက် တဆယ့်ငါးသိန်းခန့် ကုန်ကျခဲ့တယ်လို့ဆိုပါတယ်။
အခုလိုနည်းပညာပိုင်း စမ်းသပ်တီထွင်ထုတ်လုပ်မှုတွေ၊ အဆင့်မြှင့်တင်မှုတွေအတွက် တာဝန်ယူလုပ်ကိုင်နေတာကြောင့် တော်လှန်ပြည်သူတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်မှ အတူတကွဝိုင်းဝန်းရုန်းကန်ကြရမယ်လို့တိုက်တွန်းနှိုးဆော်ထားပါတယ်။










