Border News Agency
ပုဏ္ဍားကျွန်း၊ဇူလိုင် ၁၀။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံ ရေးဌာန(DLEPS)က တပ်ဖွဲ့ဝင်တချို့ဟာ မှုခင်းတွေကိုညှိနှိုင်းဖြေရှင်းပေးရာမှာ ဘက်လိုက်တာတွေရှိနေတယ်လို့ အာရက္ခပြည်သူတွေ ဆိုကြပါတယ်။
အဲဒီစခန်းမှူးတွေနဲ့အမှုစစ်တချို့ဟာ အမှုတွေကို သူတို့နဲ့နီးစပ်တဲ့ဆွေမျိုးတွေ၊အသိသူငယ်ချင်းတွေဘက်ဦးစားပေးရပ်တည်ဖြေရှင်းပေးနေကြတယ်လို့ ဆိုကြပါတယ်။
”သူတို့အချင်းချင်း ကြိုချိန်းပြီး ညှိနှိုင်းတဲ့အခါ ပြောရမယ့်စကားတွေကို သင် ပေးကြတာတွေရှိတယ်။အသိတွေ၊ သူ ငယ်ချင်းတွေ၊အမျိုးတွေဖြစ်နေရင် အဲ ဒီလူတွေနဲ့ပဲစကားအရင်ပြောပြီးသူတို့ချင်းအဆင်ပြေပြီးမှ ဒီဘက်ကလူတွေကိုခေါ်ပြီးဖြေရှင်းပေးတာမျိုးပါ။”လို့ ပုဏ္ဏားကျွန်းမြို့နယ်မှအမှုရင်ဆိုင်ခဲ့ရသူတဦးက Border News Agency ကိုပြောပါတယ်။
အဓိကကလျော်ကြေး၊နစ်နာကြေးပေးပြီး ကျေအေးရတဲ့မှုခင်းတွေမှာ ဒီလပ်တပ်ဖွဲ့ဝင်တချို့ဟာ သူတို့အသိတွေကိုကြိုတင်ဇာတ်တိုက်ထားသလိုမျိုး တ ဖက်သတ် ဖြေရှင်းပေးလေ့ရှိတယ်လို့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် သူတို့နဲ့သိတဲ့သူတွေ လိုချင်တဲ့ လျော်ကြေးအတိုင်း ရစေချင်တာမို့ တခြားအမှုသည်အပေါ် ဥပဒေအကြော င်းပြပြီး ဖိအားပေးတာ၊ခြိမ်းခြောက်တာတွေထိ လုပ်နေကြတယ်လို့ ကိုယ် တိုင်ကြုံတွေ့ခဲ့ရသူတွေက ဆိုကြပါတ ယ်။
”တဖက်ကတောင်းတဲ့လျော်ကြေးအတို င်း၊နစ်နာကြေးအတိုင်းကို ပေးဖို့ပဲ ပြော ဆိုတာပါ။ ဒါဖြစ်သင့်၊မဖြစ်သင့်ကို မစဉ်းစားတော့ပါဘူး။မပေးရင် ဥပဒေက ဘယ်လိုရှိပါတယ်။တရားစွဲရင် ဘာဖြစ်လာနိုင်တယ်ဆိုပြီး ဥပဒေတွေနဲ့ ခြိမ်းခြောက်ကြတာပါ။ နှစ်ဖက်ပြေလည်အောင် ဖြေရှင်းပေးရမယ့်နေရာမှာ တ ဖက်အပေါ် ဖိအားပေးပြီး အဲ့သလိုပြောဖို့မလိုဘူးထင်ပါတယ်။”လို့ အမှုရင်ဆိုင်ခဲ့ရသူနောက်တဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံ ရေးဌာနက သက်ဆိုင်ရာစခန်းမှူးတွေနဲ့ အမှုစစ်တွေဟာ သာမန်အမှုတွေကို ခုလိုဖြေရှင်းပေးနေတာလို့ ပြည်သူတွေ ဆိုကြပါတယ်။
အဲဒီလိုဖြေရှင်းပေးတဲ့နေရာတိုင်းမှာ အဂတိကင်းကင်းနဲ့နှစ်ဖက်မျှမျှတတရှိစေချင်ပြီးဘက်လိုက်မှုတွေရှိနေတာကိုအထက်လူကြီးတွေ သေသေချာချာစိစစ်အရေးယူပေးစေချင်တယ်လို့ အာရက္ခပြည်သူတွေ တောင်းဆိုနေကြပါတယ်။










