Border News Agency
အီရန်၊ဇူလိုင် ၁၀။
အမေရိကန်ဟာ ဇူလိုင်လ ၉ ရက်နေ့ကအီရန်နိုင်ငံကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အီရန်ကလည်း ဘာရိန်း၊ကူဝိတ်နဲ့ ကာတာနိုင်ငံတွေကို ပြန်ပစ်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ပါရှန်ပင် လယ်ကွေ့စစ်ပွဲ အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ ယာယီအပစ်ရပ်ရေး သဘောတူညီချက်ဟာ ပျက်ပြားမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
အီရန်က ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာဟာ အပစ်ရပ်ရေးကို အဆုံးသတ်ဖို့ အချက်ပြလိုက်တာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပြီး နာရီပိုင်းအကြာတိုက်ခိုက်မှုတွေ ထပ်ဖြစ်တာပါ။
အမေရိကန်ဟာ ဇူလိုင်လ ၈ ရက်နေ့က အီရန်စစ်ဘက်ဆိုင်ရာနဲ့ဆိပ်ကမ်းတွေကို ဗုံးကြဲခဲ့တာဖြစ်ပြီး အီရန်တုံ့ပြန်မှုကြောင့် အမေရိကန် အမှတ် ၅ ရေတပ်ဌာနချုပ်ရှိရာ ဘာရိန်းနိုင်ငံမှာလည်း အချက်ပေးဥဩသံတွေ ထွက်ပေါ်ခဲ့ပါတယ်။
ပင်လယ်ကွေ့ အာရပ်သုံးနိုင်ငံထိခိုက်ပျက်စီးမှုအသေးစိတ်မသိရသေးပါဘူး။
အီရန်ပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ကူဝိတ်စစ်တပ်ထုတ်ပြန်ထားပြီး ဘာရိန်းနဲ့ကူဝိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်အတည်ပြုထားပါတယ်။
အမေရိကန်တိုက်ခိုက်မှုဟာလည်း အီရန်က အိုမန်ကမ်းလွန်က ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထားခဲ့တာကြောင့် တုံ့ပြန်တာဖြစ်ပြီး နှစ်ဖက်တိုက်ခိုက်မှုတွေ ပိုမြှင့်တင်လာကြတာကြောင့် ဒေ သတွင်းစစ်မီး ပိုမိုပြင်းထန်လာမှာကို နိုင်ငံတကာစိုးရိမ်နေကြပါတယ်။










