Border News Agency
မြောက်ဦး၊ဇူလိုင် ၁၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ ပြင်ပအရက်တွေတင်သွင်းရောင်းချခွင့်တွေကို စက်တင်လာလသုံးဆယ်ရက်နေ့ထိတိုးမြှင့်ခွင့်ပြုပေးလိုက်ပါတယ်။
အဲဒီအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အရက်ထိန်းချုပ်ရေးဘုတ်အဖွဲ့(ABC)ဟာ ဇူလိုင်လငါးရက်နေ့အစည်းအဝေးမှာဆုံးဖြတ်ခွင့်ပြုပေးလိုက်တာပါ။
အာရက္ခတပ်တောာ်ထိန်းချုပ်နယ်မြေတွေမှာပြင်ပအရက်တွေတင်သွင်းရောင်းချခွင့်တွေကို တားမြစ်ထားတာပါ။
ဒါပေမယ့်ပြီးခဲ့တဲ့ဧပြီလကစပြီးမေလကုန်ထိ ပြင်ပအရက်တွေတင်သွင်းရောင်ချခွင့်တွေကို ယာယီခွင့်ပြုပေးခဲ့ပါတယ်။
အဲဒီယာမကာတင်သွင်းခွင့်ဟာ မေလကုန်ကသက်တမ်းကုန်သွားပေမယ့် ခုတော့ စက်တင်ဘာလသုံးဆယ်ရက်နေ့ထိ တင်သွင်းရောင်းချခွင့်ပြုလိုက်တာပါ။









