Border News Agency
မင်းပြား၊ဇူလိုင် ၁၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မင်းပြားမြို့နယ်၊ရွှေကျန်ရွာကို ရေတက်လာတာမို့ သိမ်တောင်ဘုန်းတော်ကြီးကျောင်းကို အရေးပေါ်ပြောင်းရွှေ့ထားရတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
“မင်းပြားမြို့နယ်ရွှေကျန်ရပ်ရွာဟာတောင်ကျရေနဲ့ချောင်းရေတက်လာမှုကြောင်း မြေနိမ့်ပိုင်းကနေအိမ်တချို့ ကို သိမ်တောင်ဘုန်းတော်ကြီးကျောင်းသို့ပြောင်းရွှေ့နေရပါတယ်။”လို့ ရွှေကျန်ရွာမှကိုဇော်မျိုးထွန်းက Border News Agency ကို ပြောပါတယ်။
အဲဒီမင်းပြားမြို့နယ်ရှိလေးမြို့မြစ်ရေထပ်တက်နေတာမို့ ရွှေကျန်ရပ်ရွာ အပါအဝင်ကျေးရွာတွေဟာ အရေးပေါ်ပြောင်းရွှေ့နေကြရပါတယ်။
အဲဒါကြောင့် အရေးပေါ်စာနပ်ရိက္ခာ၊ဆေးဝါး၊အဝတ်အထည်အပါအဝင် အရေးပေါ်အကူအညီတွေလိုအပ်နေကြပါတယ်။


























