Border News Agency
မြိုင်၊ဇူလိုင် ၁၆။
မကွေးတိုင်း၊မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဟာ ရွာတွေကိုမီးရှို့ပြီးစစ်ဘေးရှောင်လေးဦးကို သတ်ဖြတ်ခဲ့ပါတယ်။
အဲဒီအာဏာသိမ်းစစ်ကြောင်းဟာ အသက်ငါးဆယ်ကျော်ခြောက်ဆယ်အရွယ်ကန်နက်ရွာက အရပ်သားနှစ်ဦး၊မြင်းကိုးသစ်ရွာကတဦးနဲ့ ကိုင်းတောမရွာကတဦး၊စစ်ရှောင်အမျိုးသားလေးဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့ကြပါတယ်။
အဲဒီအပြင် ကန်နက်၊လက်ခုပ်ပင်၊ညော င်ကုန်း၊ကိုင်းတောမနဲ့ထန်းငယ်တော ရွာကို ဇူလိုင်လ ၁၃ ရက်နေ့ကစပြီးသုံးရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
အဲဒီလိုမီးရှို့မှုကြောင့် လက်ခုပ်ပင်ရွာက နေအိမ်နှစ်ဆယ့်ရှစ်လုံး၊ညောင်ကုန်းရွာကငါးလုံး၊ထန်းငယ်တောရွာကလေးလုံးနဲ့ကိုင်းတောမရွာကနှစ်လုံး၊နေအိမ် သုံးဆယ်ကိုးလုံးမီးလောင်ပျက်စီးခဲ့ပါတယ်။


















