Border News Agency
ကန်ချနဘူရီ၊ဇူလိုင် ၁၆။
ထိုင်းနိုင်ငံ၊ကန်ချနဘူရီမှာ တရားမဝင် မြန်မာလုပ်သားဆယ်ဦးတင်ဆောင်ပြီး ရဲကင်းတွေကိုမောင်းပြေးတဲ့ ပစ်ကပ်ကားတစီး ဇူလိုင်လ ၁၅ ရက်နေ့က ဖမ်းဆီးခံရပါတယ်။
အဲဒီရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးရာမှာ ကားမောင်းသူ ထိုင်းအမျိုးသားတဦးနဲ့အတူ အထောက်အထားမဲ့ မြန်မာလုပ်သားဆယ်ဦး၊အမျိုးသားလေးဦး၊အမျိုးသမီးခြောက်ဦးကို ဖမ်းဆီးမိတာဖြစ်ပါတယ်။
သူတို့ဟာ ဘုရားသုံးဆူကဝင်လာကြတာဖြစ်ပြီး အလုပ်လုပ်ဖို့ ပွဲစားခ တဦးကို ဘတ်ငွေတသောင်းလေးထောင်မှ တသောင်းရှစ်ထောင်ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ကားဒရိုင်ဘာကတော့ ပွဲစားက ဘတ် ခုနစ်ထောင်ပေးမယ်လို့ ပြောတာကြော င့် ရဲကင်းတွေကို ရှောင်မောင်းခဲ့တာလို့ ဝန်ခံထားပြီး သူတို့အားလုံးကို ဥပဒေအတိုင်းအရေးယူဖို့ဆောင်ရွက်နေပါတယ်။












