Border News Agency
ကွာလာလမ်ပူ၊ဇူလိုင် ၁၆။
မြန်မာနိုင်ငံသားတွေပါဝင်တဲ့တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတရာတဆယ့်တဦးကို ဇူလိုင်လ ၁၅ ရက်နေ့က ကွာလာလမ်ပူလေဆိပ်ကတဆင့် သူတို့မိခင်နိုင်ငံတွေပြန်ပို့ခဲ့တယ်လို့ မလေးရှားနိုင်ငံ၊ကဒါးပြည်နယ်လူဝင်မှုကြီးကြပ် ရေးဌာနထုတ်ပြန်ပါတယ်။
အဲဒီမှာ အမျိုးသားကိုးဆယ့်သုံးဦး၊အမျိုးသမီး တဆယ့်တဦး၊ ယောက်ျားလေး ခြောက်ဦးနဲ့ မိန်းကလေး တဦး ပါဝင်ပြီးမြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ပါကစ္စတန်၊ ဂမ်ဘီယာ၊ ကင်ညာ၊ အိန္ဒိယနဲ့ သီရိလင်္ကာ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။
သူတို့အားလုံးဟာ တရားဝင်ပတ်စ်ပို့ ဒါမှမဟုတ် ခွင့်ပြုချက်မရှိဘဲ မလေးရှားနိုင်ငံထဲ ခိုးဝင်မှုအပါအဝင် လူဝင်မှုကြီး ကြပ်ရေးအက်ဥပဒေတွေနဲ့ ပြစ်ဒဏ်ကျခံပြီးနောက် ဘီလန်တစ်ထိန်းသိမ်းရေးစခန်းမှာ မိခင်နိုင်ငံပြန်ပို့ဖို့ စောင့်ဆိုင်းနေခဲ့ကြသူတွေ ဖြစ်ပါတယ်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကတော့ ပြန်ပို့ခံရသူတွေကို မလေးရှားနိုင်ငံထဲ နောက်ပြန်ဝင်ခွင့်မရအောင်နာမည်ပျက်စာရင်း(Blacklist)သွင်းပြီး တားဆီးပိတ်ပင်ထားပါတယ်။







