Border News Agency
နေပြည်တော်၊ဇူလိုင် ၁၇။
နေပြည်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖက်ဒရယ်စနစ်ဆိုင်ရာဟောပြောပွဲပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဇူလိုင်လ ၁၆ ရက်နေ့ထုတ်ပြန်ပါတယ်။
အိန္ဒိယပညာရှင်လေးဦးက အိန္ဒိယနိုင်ငံဖက်ဒရယ်စနစ်၊ဗဟိုနဲ့ပြည်နယ်ဆက် ဆံရေး၊အရှေ့မြောက်ဒေသဆိုင်ရာအ ထူးပြဋ္ဌာန်းချက်တွေ၊ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကာအကွယ်ပေးမှု အတွေ့ အကြုံတွေကို ဆွေးနွေးမျှဝေခဲ့ပါတယ်။
အဲဒီမှာအိန္ဒိယသံအမတ်ကြီး Abhay Thakur၊အာဏာသိမ်းစစ်တပ်အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊အိန္ဒိ ယနိုင်ငံတကာရေးရာကောင်စီခေတ္တညွှန်ကြားရေးမှူးချုပ် NJ Gangte တက်ခဲ့ပါတယ်။
အဲဒီမှာလွှတ်တော်ကိုယ်စားလှယ်တွေ၊တိုင်းရင်းသားအဖွဲ့တွေနဲ့အရပ်ဘက်လူ မှုအဖွဲ့တွေက ကိုယ်စားလှယ်တရာနီးပါး တက်ရခဲ့ကြပါတယ်။











