Border News Agency
ဖားကန့်၊ဇူလိုင် ၁၇။
ကချင်ပြည်၊ဖားကန့်မြို့နယ်မှာ ဇူလိုင် လ ၁၇ရက်၊ဒီနေ့ မနက်ပိုင်းကစပြီး ရေ တက်လာနေပါတယ်။
အဲဒီဖားကန့်ကျောက်ဝိုင်းလမ်းပိုင်းမှာရေကြီးရေလျှံနေပြီး မနက် ၈ နာရီခွဲကစကာအိမ်စီးကားအနိမ့်တွေ ဖြတ်သန်းသွားလာလို့ မရတော့တာပါ။
အဲဒီလမ်းဟာ မနက် ၁၀ နာရီဝန်းကျင်ထိ ရေတက်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒါကြောင့် အေးမြသာယာ၊ မှော်သောင်း၊ ဆန်းကြွယ်နဲ့ ဖားပြင်ဘက် သွားမယ့်ပြည်သူတွေဟာ ဆိုင်ကယ်တွေနဲ့ဘေးကင်းရာ ပတ်လမ်းတွေကနေသာ သတိပြုသွားလာကြဖို့ နှိုးဆော်ထားပါတယ်။












