Border News Agency
မတ္တရာ၊ သြဂုတ် ၈။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ တံငါချောင်းမကြီးရေလျှံလာပြီး ကျေးရွာတချို့ရေဝင်ပြီး ပြည်သူတွေဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတာမို့ အကူအညီတွေလိုအပ်နေကြပါတယ်။
အဲဒီမန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှာ ဩဂုတ်လ ၈ ရက်၊ ဒီနေ့ မနက်ကစတင်ပြီး တံငါချောင်းမကြီးရေလျှံလာတာမို့ တံငါတောင်ကျေးရွာ၊ရေချောင်းဗိုလ်ကျေးရွာ၊ပုဂံစုကျေးရွာ၊ ရခိုင်စုကျေးရွာနဲ့ အညာကိုင်းကျေးရွာမှာ ရေဝင်နေတာပါ။
အဲဒီရေဘေးသင့်ပြည်သူတွေကို အထက်တောင်ကိုင်းကျေးရွာအုပ်စု၊ဥမင်ကျေးရွာရှိ စာသင်ကျောင်း၊တိုက်နယ်ဆေးရုံနဲ့ရုံပင်ကျေးရွာဘုန်းကြီးကျော င်းသို့ အရေးပေါ်ရွှေ့ပြောင်းနေကြရပါတယ်။
မြန်မာပြည်အနှံ့မှာ မိုးကြီးရေလျှံတာတွေ၊တောင်မြေပြိုတာတွေဖြစ်နေသလိုဆည်တွေ၊တာတမံတွေကျိုးပေါက်တာတွေလည်းဖြစ်နေပါတယ်။
အဲဒါကြောင့် မြန်မာပြည်အနှံ့မှာ ရေဘေးသင့်ပြည်သူသိန်းနဲ့ချီရှိနေကြပြီး အကူအညီတွေလိုအပ်နေကြပါတယ်။













