Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

အာရက္ခမြေယာစီမံအုပ်ချုပ်မှုစနစ် အကျိုးဆက်များကိုဆန်းစစ်ခြင်း

Author picture

By

Swe Zin Htike
Reading Time: 4 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ သြဂုတ် ၁၁။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဆရာကျော်ဇံ၏အင်တာဗျူးကို အာရက္ခမင်းသမီးမီဒီယာတွင်ဖော်ပြခဲ့သည်။

ထိုအင်တာဗျူးတွင် မြေယာအငြင်းပွားမှုများကို စနစ်တကျဖြေရှင်းရန်၊မြေယာအရောင်းအဝယ်များကို သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊ပြည်သူများ၏မြေယာအခွင့်အရေးများကို ကာကွယ်ရန်လိုအပ်ကြောင်း အလေးထားရှင်းပြထားသည်။

ထိုရည်ရွယ်ချက်များသည် အခြေခံအားဖြင့်သင့်လျော်သော်လည်း အင်တာဗျူးတွင်ပြောထားသည့် “တရားဝင်မြေယာစာရွက်စာတမ်း”၊“အရပ်စာချုပ်”နှင့်“လျော်ကြေးရပိုင်ခွင့်”ဆိုင်ရာ အယူအဆများကို လက်တွေ့အုပ်ချုပ်ရေးအခြေအနေ၊ဥပဒေပြုအာဏာ၊နိုင်ငံတကာမြေယာစီမံခန့်ခွဲမှုစံနှုန်းများနှင့်နှိုင်းယှဉ်ကြည့်ပါက အရေးပါသောမေးခွန်းများစွာ ပေါ်ပေါက်လာနိုင်ပေသည်။

၁။”တရားဝင်စာချုပ်”ဆိုသည်မှာ မည်သည့်အာဏာအောက်တွင် တရားဝင်သနည်း။

ထိုအင်တာဗျူးတွင် မြေယာအရောင်းအဝယ်ပြုလုပ်ရာ၌ နှစ်ဦးသဘောတူအရပ်စာချုပ်တစ်စောင်တည်းဖြင့် အပည့်အဝအကာအကွယ်မရနိုင်ကြောင်း၊သက်ဆိုင်ရာမြေယာစီမံခန့်ခွဲရေးဌာနများတွင် အတည်ပြုခြင်း၊တံဆိပ်ခေါင်းခွန်ပေးဆောင်ခြင်းနှင့်စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းများပြုလုပ်ရန် လိုအပ်ကြောင်းဆိုထားသည်။

သို့ရာတွင် ဤနေရာ၌ ပြည်သူများဘက်မှ မေးမြန်းဖွယ်ရာ အခြေခံမေးခွန်း (၃)ရပ်ရှိလာနိုင်ပေသည်။

(၁)အဆိုပါ မှတ်ပုံတင်စနစ်ကို တည်ထောင်ထားသည့်ဥပဒေသည် မည်သည့်ဥပဒေဖြစ်သနည်း။

(၂)ထိုဥပဒေကို မည်သည့်ဥပဒေပြုအဖွဲ့က ပြဋ္ဌာန်းထားသနည်း။

(၃)ထိုဥပဒေအရ အာဏာပေးထားသည့် မှတ်ပုံတင်အရာရှိသည် မည်သူနည်း။

အာရက္ခဒေသတွင် ယခင်မြန်မာအစိုးရ၏အုပ်ချုပ်ရေးယန္တရားအပြည့်အဝ မလည်ပတ်တော့ဘဲ ULA/AA ဘက်မှ အုပ်ချုပ်ရေးယန္တရားအသစ်များတည်ဆောက်နေသည်ဟုဆိုပါက မြေယာစာချုပ်နှင့်မှတ်ပုံတင်စနစ်၏ဥပဒေရင်းမြစ်(legal source)ကို ရှင်းလင်းဖော်ပြရန်လိုအပ်ပေသည်။

ထိုဥပဒေပြုမဏ္ဍိုင်က မည်သည့်အရာကို တရားဝင်အဖြစ် သတ်မှတ်ထားသနည်း။ အုပ်ချုပ်ရေးအဖွဲ့က မည်သည့်အရာကို မှတ်ပုံတင်နိုင်သနည်း။ တရားရုံးက မည်သည့်စာရွက်စာတမ်းကို အတည်ပြုနိုင်သနည်းဟူသည့် အခြေခံမေးခွန်းများ မရှင်းလင်းသေးပါက“တရားဝင်စာချုပ်”ဟူသော ဝေါဟာရကိုအသုံးပြုရုံမျှဖြင့် မြေယာပိုင်ဆိုင်ခွင့်ကို အပြည့်အဝအာမခံပေးနိုင်မည် မဟုတ်ချေ။

အထူးသဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတွင် ဥပဒေပြုမဏ္ဍိုင်တည်ဆောက်ထားခြင်း မရှိသေးပေ။

ထို့ကြောင့်မြေယာစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် စာရွက်စာတမ်းထုတ်ပေးခြင်းထက် ယင်းစာရွက်စာတမ်း၏ဥပဒေကြောင်းအရ အာဏာတည်မှုကို ဦးစွာရှင်းလင်းရန်လိုအပ်ပေသည်။

၂။တံဆိပ်ခေါင်းခွန်မရှိသေးလျှင်“တရားဝင်စာချုပ်”ကို မည်သို့ဖန်တီးမည်နည်း။

ထိုအင်တာဗျူးတွင် တံဆိပ်ခေါင်းခွန်ပေးဆောင်ပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

သို့သော် အာရက္ခဒေသ၏လက်ရှိအုပ်ချုပ်ရေးအခြေအနေအရ အဆိုပါအခွန်နှင့်တံဆိပ်ခေါင်းစနစ်၊မှတ်ပုံတင်စနစ်၊ဥပဒေပြုမဏ္ဍိုင်နှင့် တရားစီရင်ရေးအာဏာတို့၏ဆက်စပ်မှုကို မည်သို့တည်ဆောက်ထားသည်ကို အင်တာဗျူးတွင် ရှင်းလင်းဖော်ပြထားခြင်းမတွေ့ရချေ။

ထိုအချက်သည် အသေးစားနည်းပညာပိုင်းဆိုင်ရာ အားနည်းချက်မျှမဟုတ်ပေ။

မြေယာဆိုသည်မှာ လူတဦး၏နေအိမ်၊လုပ်ငန်း၊စားဝတ်နေရေး၊မျိုးဆက်ပိုင်ဆိုင်မှုများနှင့် တိုက်ရိုက်ဆက်နွယ်နေသောအရင်းအမြစ်ဖြစ်သည်။

ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပေးသည့်စာရွက်စာတမ်းသည်”မည်သည့်ဥပဒေကို အခြေခံ၍ထုတ်ပေးသနည်း။ မည်သူက ပြန်စစ်ဆေးနိုင်သနည်း။ မည်သူက အယူခံဝင်နိုင်သနည်း။ အမှားအယွင်းရှိပါက မည်သူက ပြန်ပြင်ဆင်ပေးမည်နည်း။”ဟူသည့် စနစ်များနှင့်ပေါင်းစပ်တည်ရှိရန် လိုအပ်ပေသည်။

FAO ၏မြေယာပိုင်ဆိုင်ခွင့်စီမံအုပ်ချုပ်မှုဆိုင်ရာ Voluntary Guidelines (VGGT)သည် တရားဝင်မှတ်ပုံတင်ထားသည့်ပိုင်ဆိုင်ခွင့်များသာမက customary၊ communal နှင့် informal tenure rights များကိုပါ အလေးထား အသိအမှတ်ပြုရန် လမ်းညွှန်ထားသည်။

ထို့ကြောင့်“တရားဝင်မှတ်ပုံတင်စာချုပ်မရှိလျှင် မြေယာအခွင့်အရေးမရှိ”ဟူ သော ရိုးရှင်းသည့်သဘောတရားသည် နိုင်ငံတကာမြေယာစီမံအုပ်ချုပ်မှုအယူအဆနှင့်မညီညွတ်ပေ။

၃။“မှတ်ပုံတင်စာချုပ်မရှိလျှင် မြေသိမ်းခံရသည့်အခါ လျော်ကြေးမရနိုင်” ဆိုသည်မှာ မည်သည့်ဥပဒေက ပြဋ္ဌာန်းထားသနည်း။

ထိုအင်တာဗျူး၏အထူးဝေဖန်စရာအချက်မှာ“မြေကိုပြန်လည်သိမ်းဆည်းခြင်းခံရလျှင် လျော်ကြေးမရနိုင်သည့် အခြေအနေများဖြစ်ပေါ်နိုင်သည်။”ဟူသော ပြောဆိုချက်ပင်ဖြစ်သည်။

ဤနေရာ၌ မေးခွန်းမှာ“မည်သည့်ဥပဒေအရမရနိုင်သနည်း။”ဟူသည့် အချက်ပင်ဖြစ်သည်။

တရားဝင်သည်ဟုသတ်မှတ်ထားသော စာချုပ်မရှိခြင်းကို အကြောင်းပြု၍လူတဦး၏မြေယာအခွင့်အရေး၊ရင်းနှီးမြှုပ်နှံမှု၊အသက်မွေးဝမ်းကျောင်းနှင့်အခြားပိုင်ဆိုင်မှုဆိုင်ရာအကျိုးစီးပွားများအားလုံးကို အလိုအလျောက်ပယ်ဖျက်နိုင်သည်ဟု နိုင်ငံတကာစံနှုန်းက သတ်မှတ်ထားခြင်းမရှိပေ။

FAO VGGT သည် မြေယာပိုင်ဆိုင်ခွင့်ကို formal title တရားဝင်ခြင်းဆိုင်မှုအခွင့်အရေးရရှိသူများအတွက်သာ ကန့်သတ်မထားဘဲ informal နှင့် customary tenure များအပါအဝင် tenure rights အမျိုးမျိုးကို လုံခြုံစွာ ကာကွယ်ပေးရန် အလေးထားထားသ ည်။

ထို့ကြောင့် လျော်ကြေးရပိုင်ခွင့်ကို ဆုံးဖြတ်ရာတွင်“စာချုပ်ရှိခြင်း သို့မဟုတ် မရှိခြင်း”တချက်တည်းကို အဆုံးအဖြတ်အဖြစ် အသုံးပြုခြင်းသည် မလုံလောက်ပေ။

မြေကို မည်မျှကြာမျှ လက်ဝယ်ထားရှိခဲ့သနည်း။ မည်သည့်အခြေခံဖြင့် အသုံးပြုခဲ့သနည်း။ ရင်းနှီးမြှုပ်နှံမှုများ ရှိမရှိ၊အုပ်ချုပ်ရေးအဖွဲ့များထံ အခွန်ပေးဆောင်ထားမှု ရှိမရှိ။ အုပ်ချုပ်ရေးကထုတ်ပေးထားသည့် မှတ်တမ်းများ ရှိမရှိ။အသက်မွေးဝမ်းကျောင်းအတွက် မည်မျှအရေးပါသည်စသည့် အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။

၄။မြေသိမ်းခြင်းကို“စာရွက်စာတမ်း”ပြဿနာအဖြစ်သာ သတ်မှတ်၍မရ။

မြေယာအငြင်းပွားမှုများ၏အဓိကပြဿနာမှာ စာရွက်စာတမ်းမရှိခြင်းတချက်တည်း မဟုတ်ပေ။

အဓိကပြဿနာမှာ အာဏာကို မည်သို့ကျင့်သုံးမည်ဟူသည့် စည်းမျဉ်းပင်ဖြစ်သည်။

အစိုးရ သို့မဟုတ် de facto အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့က လူတဦး၏မြေယာကို ရယူလိုပါက အောက်ပါမေးခွန်းများကို ဖြေရှင်းရမည်…။

·မည်သည့်ဥပဒေအရ ရယူသနည်း။

·အများပြည်သူအကျိုးစီးပွားအတွက် ဟုတ်မဟုတ်။

·ဆုံးဖြတ်ချက်ချရန် အာဏာရှိသူကမည်သူနည်း။

·မြေပိုင်ရှင်ကို ကြိုတင်အသိပေးထားမှု ရှိမရှိ။

·အကြောင်းပြချက်ကို ရှင်းပြထားမှု ရှိမရှိ။

·ကန့်ကွက်ခွင့် ရှိမရှိ။

·အယူခံဝင်ခွင့် ရှိမရှိ။

·လွတ်လပ်သောတရားစီရင်ရေးအဖွဲ့ထံ တင်ပြနိုင်ခွင့် ရှိမရှိ။

·မြေဆုံးရှုံးမှုနှင့်အသက်မွေးဝမ်းကျောင်းဆုံးရှုံးမှုအတွက် လျော်ကြေး ရှိမရှိ။

OHCHR ၏ forced eviction ဆိုင်ရာ လမ်းညွှန်ချက်များတွင်လည်း အတင်းအကျပ်ဖယ်ရှားမှုများဖြစ်ပေါ်လာပါက မျှတသောကြားနာမှု(fair hearing)၊ဥပဒေအရကုစားမှု(legal remedy)၊ပြန်လည်ဖွဲ့စည်းတည်ဆောက်ပေးခြင်း (restitution)၊ပြန်လည်နေရာချထားပေးခြင်း(resettlement)၊ကာလတန်ဖိုးနှင့်ညီမျှသောလျော်ကြေး (compensation)စသည့် အကာအကွယ်များကို အာရက္ခပြည်သူများ ရပိုင်ခွင့်ရှိမှသာ ကောင်းမွန်သော စီမံခန့်ခွဲမှုဟုဆိုနိုင်ပေသည်။

၅။“ဥပဒေဘောင်ဝင်သော စာရွက်မရှိသေးသဖြင့် အခွင့်အရေးရပိုင်ခွင့်မရှိ” ဟု ကျဉ်းမြောင်းစွာ ကောက်ချက်မဆွဲသင့်။

ဤနေရာ၌ အရေးပါသော ခွဲခြားမှုတရပ်ပြုလုပ်ရန် လိုအပ်ပေသည်။

ဥပဒေပြုစနစ် မပြည့်စုံသေးခြင်းသည် အုပ်ချုပ်ရေးအဖွဲ့အတွက် စာရွက်စာတမ်းများကို ယာယီမှတ်တမ်းအဖြစ် မထုတ်နိုင်ဟု ဆိုလိုခြင်းမဟုတ်ပေ။

အုပ်ချုပ်ရေးအဖွဲ့သည်…

·မြေယာအသုံးပြုမှုမှတ်တမ်း၊

·လက်ဝယ်ထားရှိမှုမှတ်တမ်း၊

·အရောင်းအဝယ်မှတ်တမ်း၊

·မြေယာအငြင်းပွားမှုမှတ်တမ်း၊

·ယာယီအသိအမှတ်ပြုလက်မှတ်၊”စသည်တို့ကို ထုတ်ပေးနိုင်ပေသည်။

သို့သော် ယင်းစာရွက်စာတမ်းများကို “အပြီးသတ်တရားဝင်ပိုင်ဆိုင်ခွင့်”အဖြစ် သတ်မှတ်မည်ဆိုပါက ဥပဒေပြုအာဏာ၊တရားစီရင်ရေးအာဏာနှင့် အယူခံစနစ်များ၏အခြေခံကို ပိုမိုရှင်းလင်းစွာတည်ဆောက်ရန် လိုအပ်ပေသည်။

အခြားတဖက်တွင်လည်း ဥပဒေပြုစနစ်မပြည့်စုံသေးခြင်းကို အကြောင်းပြု၍ ယခင်ကတည်ရှိခဲ့သောမြေယာအခွင့်အရေးများအားလုံးကို အလိုအလျောက် ပယ်ဖျက်ခြင်းသည် သာ၍အန္တရာယ်ကြီးမားပေသည်။

ပြည်သူများက အုပ်ချုပ်မှုယန္တရားကို ယုံကြည်မှုကင်းမဲ့လာမည်မှာ မလွဲဧကန်ဖြစ်နိုင်ပေသည်။

၆။အင်တာဗျူး၏အကြီးမားဆုံး အားနည်းချက် — “အခွင့်အရေးကို မည်သို့ကာကွယ်မည်။”ထက်“စာရွက်ကို မည်သို့ပြုလုပ်မည်။”ကို ပိုမိုအလေးထားခြင်း။

ဆရာကျော်ဇံ၏အင်တာဗျူးသည် မြေယာစီမံခန့်ခွဲမှုကို စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း ကောင်းစွာဖော်ပြထားသည်။

သို့သော် အင်တာဗျူး၏အဓိကအာရုံသည် မြေယာအရောင်းအဝယ်ကို မည်သို့မှတ်ပုံတင်မည်ဟူသည့် administrative procedure ဘက်သို့ ပိုမိုဦးတည်နေသည်။

အမှန်အရေးအကြီးဆုံးမေးခွန်းမှာ…

“အုပ်ချုပ်ရေးအာဏာက လူတဦး၏ရှိပြီးသား မြေယာအခွင့်အရေးကို ဖယ်ရှားလိုက်သည့်အခါ မည်သို့ကာကွယ်ပေးမည်နည်း။”ဟူသည့် မေးခွန်းပင်ဖြစ်သည်။

မြေယာစီမံခန့်ခွဲမှုကောင်းတရပ်သည် အရောင်းအဝယ်စာချုပ်များကို မှတ်ပုံတင်ပေးနိုင်ရုံမျှဖြင့် မလုံလောက်ပေ။

အာဏာပိုင်အဖွဲ့ကိုယ်တိုင် မြေယာအခွင့်အရေးချိုးဖောက်သည့်အခြေအနေတွင် ပြည်သူက မည်သည့်နေရာသို့ အယူခံဝင်နိုင်မည်နည်းဟူသည့် အာမခံချက်တည်ရှိရန် လိုအပ်ပေသည်။

၇။“ဥပဒေအားနည်းခဲ့သည်။”ဟူသော အကြောင်းပြချက်ကို လက်ရှိအုပ်ချုပ်ရေးအတွက် အကန့်အသတ်မဲ့အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်။

ထိုအင်တာဗျူးတွင် ယခင်အစိုးရများ၏ဥပဒေစနစ်အားနည်းမှု၊ဝန်ထမ်းများ၏အဂတိလိုက်စားမှုနှင့် ယခင်ကစုပုံလာခဲ့သောမြေယာပြဿနာများကို လက်ရှိအုပ်ချုပ်ရေးက အမွေဆက်ခံနေရကြောင်းဖော်ပြထားသည်။

ယင်းသုံးသပ်ချက်သည် သမိုင်းနောက်ခံအနေဖြင့်အရေးပါသော်လည်း အတိတ်၏ချို့ယွင်းချက်များသည် လက်ရှိအုပ်ချုပ်ရေး၏ဆောင်ရွက်ချက်များအတွက် အကန့်အသတ်မဲ့တရားဝင်ခွင့်ပြုချက် မဖြစ်စေရပေ။

အုပ်ချုပ်ရေးအာဏာအသစ်သည် ယခင်စနစ်၏မတရားမှုများကို ပြုပြင်ရန် တာဝန်ရှိသကဲ့သို့ မိမိကိုယ်တိုင်ဆောင်ရွက်သည့် မြေယာဆုံးဖြတ်ချက်များတွင်လည်း တရားမျှတမှု၊ပွင့်လင်းမြင်သာမှု၊ကြိုတင်အသိပေးမှု၊ကန့်ကွက်ခွင့်နှင့်ထိရောက်သောအယူခံ/ကုစားခွင့်များကို တည်ဆောက်ရန်လိုအပ်ပေသည်။

၈။ယင်းသို့ဆောင်ရွက်ရုံမျှဖြင့် မြေယာပြဿနာများ ပြေလည်သွားမည်လော့။

အဖြေမှာ — မလုံလောက်ပေ။ အရပ်စာချုပ်များကို တားမြစ်ခြင်း၊မှတ်ပုံတင်စနစ်တရပ်တည်ဆောက်ခြင်း၊မြေယာစီမံခန့်ခွဲရေးရုံးများဖွဲ့စည်းခြင်းတို့သည် ပြဿနာဖြေရှင်းရေး၏အစိတ်အပိုင်းမျှသာဖြစ်သည်။

အမှန်တကယ် ပြဿနာဖြေရှင်းရန် အနည်းဆုံး အောက်ပါအချက်များ လိုအပ်ပေသည်…။

(၁)ဥပဒေ၏ရင်းမြစ်ကို ရှင်းလင်းရန်— မြေယာအခွင့်အရေးများကို မည်သည့်ဥပဒေကအသိအမှတ်ပြုသည်ကို ပြည်သူများသိရှိနိုင်ရမည်။

(၂)အုပ်ချုပ်ရေးအာဏာကို ကန့်သတ်ရန် —မြေသိမ်းခြင်း သို့မဟုတ် မြေယာအခွင့်အရေးဖယ်ရှားခြင်းကို မည်သူမဆို မိမိသဘောဆန္ဒအလျောက်ပြုလုပ်၍မရသည့်စနစ်လိုအပ်သည်။

(၃)လွတ်လပ်သောအယူခံစနစ်တည်ရှိရန်—မြေယာဆုံးဖြတ်ချက်ကို မကျေနပ်သူများအနေဖြင့် ယင်းဆုံးဖြတ်ချက်ချခဲ့သည့်အဖွဲ့ထံတွင်သာ ပြန်လည်တင်ပြရခြင်းမဟုတ်ဘဲ လွတ်လပ်သောပြန်လည်စစ်ဆေးရေး သို့မဟုတ် တရားစီရင်ရေးလမ်းကြောင်းရှိရန် လိုအပ်သည်။

(၄)Informal နှင့် customary rights များကိုပါ အသိအမှတ်ပြုရန်—စာရွက်စာတမ်းမပြည့်စုံသူများ၏အခွင့်အရေးကို အလိုအလျောက်ပယ်ဖျက်ခြင်း မပြုသင့်ပေ။FAO VGGT သည် tenure rights အမျိုးမျိုးကို ကာကွယ်ရန် အလေးထားထားသည်။

(၅)မြေသိမ်းခြင်းအတွက် ရှင်းလင်းသောစည်းမျဉ်းရှိရန်…။

·အများပြည်သူအကျိုးအတွက် ရည်ရွယ်ချက်(Public purpose) …

မြေကို အဘယ်ကြောင့် သိမ်းယူရသည်ကို ဖော်ပြခြင်း။ ဥပမာ—လမ်း၊ဆေးရုံ၊ကျောင်း၊ရေလှောင်ကန်စသော အများပြည်သူအတွက် အမှန်တကယ်လိုအပ်သည့်လုပ်ငန်းများ။

·အမှန်လိုအပ်မှု(Necessity)…

မြေကို သိမ်းယူရန်အမှန်လိုအပ်သလား။ အခြားနည်းလမ်းဖြင့် မဆောင်ရွက်နိုင်လားဟူသည်ကို စစ်ဆေးခြင်း။

·ကြိုတင်အသိပေးခြင်း(Notice)…

မြေသိမ်းခံရမည့်သူကို ကြိုတင်အသိ ပေးပြီး အဘယ်ကြောင့်သိမ်းမည်။ မည်သည့်မြေကိုသိမ်းမည်။ မည်သည့်အချိန်တွင် ဆောင်ရွက်မည်ကို ရှင်းပြခြင်း။

·သက်ဆိုင်သူများနှင့်တိုင်ပင်ဆွေးနွေးခြင်း(Consultation)…

မြေပိုင်ရှင်၊မြေကို လက်ရှိအသုံးပြုနေသူ၊ဒေသခံပြည်သူများနှင့်ဆုံးဖြတ်ချက်မချမီ တိုင်ပင်ဆွေးနွေးခြင်း။

·ကန့်ကွက်ခွင့်(Objection)…

မြေသိမ်းမည့်ဆုံးဖြတ်ချက်ကို မကျေနပ်ပါက မြေပိုင်ရှင်က“ဤမြေကို မသိမ်းသင့်ပါ”ဟု တရားဝင်ကန့်ကွက်တင်ပြနိုင်ခွင့်။

·အယူခံခွင့်(Appeal)…

ကန့်ကွက်မှုကို ပယ်ချခံရပါက အထက်အာဏာပိုင်အဖွဲ့ သို့မဟုတ် သီးခြားတရားစီရင်ရေးအဖွဲ့ထံ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ပေးရန် တောင်းဆိုနိုင်ခွင့်။

·လျော်ကြေး/နစ်နာကြေး(Compensation)…

“မြေသိမ်းဆည်းခံရခြင်းကြောင့် မြေ၊အဆောက်အအုံ၊သီးနှံ၊ရင်းနှီးမြှုပ်နှံမှုများ သို့မဟုတ် အသက်မွေးဝမ်းကျောင်း ထိခိုက်ဆုံးရှုံးမှုများအတွက် သင့်လျော်သော လျော်ကြေးပေးအပ်ခြင်း။”စသည့်အချက်များကို အလေးထားရန် လိုအပ်ပေသည်။

“စာရွက်စာတမ်းရှိခြင်း”ထက်“အာဏာကို ထိန်းချုပ်နိုင်ခြင်း”က ပိုမိုအရေးကြီးသည်။

ဆရာကျော်ဇံ၏အင်တာဗျူးသည် အာရက္ခဒေသ၏ ရှုပ်ထွေးနေသောမြေယာပြဿနာများကို စနစ်တကျဖြေရှင်းရန် လိုအပ်ကြောင်း အသိအမှတ်ပြုထားသည့်အရေးပါသောမူဝါဒဆိုင်ရာသဘောထားဖြစ်သည်။

သို့သော် ဝေဖန်သုံးသပ်ရမည့်အချက်မှာ မြေယာအခွင့်အရေး၏လုံခြုံမှုသည် စာချုပ်တစောင်တည်ရှိခြင်းနှင့်သာ ဆုံးဖြတ်နိုင်ခြင်းမရှိပေ။

အမှန်အားဖြင့် မြေယာပိုင်ဆိုင်ခွင့်၏လုံခြုံမှုသည်…။

·မည်သူက စာရွက်ထုတ်ပေးသနည်း။

·မည်သည့်ဥပဒေအရ ထုတ်ပေးသနည်း။

·မည်သူက ယင်းစာရွက်ကို ပယ်ဖျက်နိုင်သနည်း။

·ပယ်ဖျက်ခံရပါက မည်သူ့ထံအယူခံဝင်နိုင်သနည်း။

·မြေသိမ်းခံရပါက မည်သို့လျော်ကြေး ရရှိမည်နည်း။”ဟူသည့် မေးခွန်းများ၏ အဖြေပေါ်တွင် မူတည်ပေသည်။

ထို့ကြောင့် အာရက္ခဒေသတွင် မြေယာစီမံခန့်ခွဲမှုစနစ်အသစ်ကို တည်ဆောက်နေပါက“အာဏာပိုင်ကိုယ်တိုင် မြေယာအခွင့်အရေးမချိုးဖောက်စေရန်ထိန်း ချုပ်နိုင်သောဥပဒေစနစ်”ကို တပြိုင်တည်းတည်ဆောက်ရန် လိုအပ်ပေသည်။

အထူးသဖြင့်“စာချုပ်မရှိလျှင် လျော် ကြေးမရနိုင်”ဟူသော အယူအဆကို ဥပဒေတိကျစွာမဖော်ပြဘဲ ပြည်သူများအား အသိပေးခြင်းသည် မသင့်လျော်ပေ။

ယင်းအယူအဆ၏ဥပဒေရင်းမြစ်၊သက်ဆိုင်ရာမြေအမျိုးအစား၊လျော်ကြေး တွက်ချက်ပုံနှင့်အယူခံခွင့်တို့ကို ပြည်သူများထံ ပွင့်လင်းစွာထုတ်ဖော်ပြသသင့်ပေသည်။

အကယ်၍ ဖော်ပြချက်တွင် မပါဝင်သော နှစ်ဦးသဘောတူအရပ်စာချုပ်များနှင့်သက်ဆိုင်ရာပြယုဂ်များကို အစိုးရသိမ်းယူပါက လျော်ကြေးပေးရန်မလိုဟုဆိုပါလျှင် ရခိုင်တပြည်လုံးနီးပါးကို လျော်ကြေးမပေးဘဲ သိမ်းယူနိုင်သည့်အကန့်အသတ်မဲ့အာဏာ(Unlimited Power)ကို အစိုးရရရှိသွားနိုင်သည်ဟူသော သဘောတရားဆိုင်ရာသွင်းချက် (Induction)ပေါ်ပေါက်လာနိုင်ပေသည်။

PrevPreviousဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်
Nextကိုလံဘီယာမှာ ပြင်းအား ၇ ဒသမ ၄ ရှိ ငလျင်ကြောင့် သေဆုံးသူတရ့ာသုံးဆယ် ကျော်လာNext
Previous Post

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်

Next Post

ကိုလံဘီယာမှာ ပြင်းအား ၇ ဒသမ ၄ ရှိ ငလျင်ကြောင့် သေဆုံးသူတရ့ာသုံးဆယ် ကျော်လာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - APM

မြောက်ဦးရှိ ရှေးဟောင်းလက်ဆည်ကန်နဲ့ အနူမကန်ကို တားမြစ်နယ်မြေသတ်မှတ်

August 11, 2026

အာရက္ခအမျိုးသားတက္ကသိုလ်မှာ ဂုဏ်ထူးတန်းသင်တန်းသား လျှောက်လွှာခေါ်

August 10, 2026
ဓာတ်ပုံ - အာရက္ခတပ်တော်

​သံတွဲကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ်ဦးသေဆုံး

August 10, 2026

အမ်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေပြီးသုံးဦးဒဏ်ရာရ

August 9, 2026

ရွှေဘိုမှာ ရေဘေးသင့်ပြည်သူတွေ အကူအညီလိုအပ်နေ (ဓာတ်ပုံသတင်း)

အမ်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေပြီးသုံးဦးဒဏ်ရာရ

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု – ၃

ဒီပဲယင်းမှာ ကျေးရွာနှစ်ဆယ့်တရွာ ရေဘေးသင့်နေ

ခင်ဦးမှာ ရေဘေးသင့်ကျေးရွာတဆယ့်ကိုးရွာ အကူအညီလိုအပ်နေ

မင်းကင်းမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်နှစ်လက်မကျော်နေ

Releated Post

ရွှေဘိုမှာ ရေဘေးသင့်ပြည်သူတွေ အကူအညီလိုအပ်နေ (ဓာတ်ပုံသတင်း)

August 10, 2026

အမ်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေပြီးသုံးဦးဒဏ်ရာရ

August 9, 2026

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု – ၃

August 9, 2026
ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဒီပဲယင်းမှာ ကျေးရွာနှစ်ဆယ့်တရွာ ရေဘေးသင့်နေ

August 9, 2026
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ခင်ဦးမှာ ရေဘေးသင့်ကျေးရွာတဆယ့်ကိုးရွာ အကူအညီလိုအပ်နေ

August 9, 2026

မင်းကင်းမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်နှစ်လက်မကျော်နေ

August 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page