Border News Agency
ရုရှား၊ ဩဂုတ် ၂၀။
ရုရှားနိုင်ငံကိုရောက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံပိုင် Roscosmos အာကာသကော်ပိုရေးရှင်း အထွေထွေညွှန်ကြားရေးမှူးချုပ်ဦးဆောင်တဲ့အဖွဲ့တို့ ဩဂုတ်လ ၁၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံကြားကမ္ဘာမြေစောင့်ကြည့်လေ့လာရေး ဂြိုဟ်တုဓာတ်ပုံဒေတာရယူရေးနဲ့ အာကာသယာဉ်မှူးရွေးချယ်လေ့ကျင့်ရေးကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့ကြတာပါ။
အဲဒီအပြင် COSPAS-SARSAT စနစ် အကောင်အထည်ဖော်ရေးနဲ့ နာနိုဂြိုဟ်တုတည်ဆောက်လွှတ်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
နောက်ပြီးအာကာသနည်းပညာနဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားဖို့ နှစ်ဖက်သဘောတူခဲ့ကြပါတယ်။














