Border News Agency
ထန်တလန်၊ သြဂုတ် ၂၄။
ချင်းပြည်၊ထန်တလန်မြို့နယ်ဘက်မှ မီဇိုရမ်ပြည်နယ်အတွင်းသို့ သယ်ဆောင်လာတဲ့ AK-47 သေနတ်တွေနဲ့အတူ လက်နက်ပိုင်ရှင် မီဇိုရမ်ဒေသခံတဦးကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီမီဇိုရမ်ပြည်နယ်၊ New Ngharchhip ကျေးရွာအနီး နယ်စပ်မှာ ဩဂုတ်လ၂၃ ရက်၊ မနက်ပိုင်းက အသက် ၄၃ နှစ်အရွယ် Darunga ဆီမှ AK-47 သေနတ် ၃ လက်၊ ကျည်အိမ်နဲ့ကျည်ဆန်တွေကို သိမ်းဆည်းရမိခဲ့တာပါ။
လက်နက်သယ်ပေးတဲ့ မြန်မာနိုင်ငံသား ၂ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ၁ ဦး ပြန်ရောက်လာပေမယ့်ကျန် ၁ ဦးမှာ တီးအိုချောင်းအနီး ပစ္စည်းတွေသာကျန်ခဲ့ပြီး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူ Darunga ကို ဥပဒေအရ အရေးယူဖို့ Hnahthial ခရိုင်ရဲစခန်းသို့ လွှဲပြောင်းထားပါတယ်။











