Border News Agency
ထိုင်း၊ စက်တင်ဘာ ၁။
ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်မှာ စက်တင်ဘာလ ၁ ရက်၊ဒီနေ့မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ်တစီးယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် မြန်မာလုပ်သားဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီချွန်ဘူရီခရိုင်၊စီလာချာမြို့နယ်၊ဆုရစတ်ကျေးရွာအနီး ခုခနန်လမ်းပိုင်းမှာ ဒီနေ့ မနက် ၇ နာရီအချိန်က မြန်မာလုပ်သားတွေတင်ဆောင်လာတဲ့ကားဟာ အရှိန်မထိန်းနိုင်ဘဲ ဆယ်ဘီးကားနဲ့ခြောက်ဘီးကားကို အနောက်ကနေဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။
အဲဒီယာဉ်တိုက်မှုကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ မြန်မာလုပ်သားဆယ်ဦးဒဏ်ရာတွေရရှိခဲ့ကြတာကြောင့် ဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေက စီလာချာဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။















