Border News Agency
နီပေါ၊ စက်တင်ဘာ ၅။
နီပေါနိုင်ငံ၊နုဝါကွတ်ခရိုင် ဝိဒူရ်မြို့နယ်၊ဘီထရာဗတီဒေသမှာ ရေကြီးရေလျှံမှုကြောင့် နေအိမ်အတွင်းပိတ်မိနေတဲ့ အမျိုးသမီးတဦးကို နီပေါရဲတပ်ဖွဲ့က စက်တင်ဘာလ ၅ရက်၊ဒီနေ့မှာအသက်ရှင်အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အသက်ခြောက်ဆယ်လေးနှစ်အရွယ်ဒေါ်ချန္ဒြိကာ ရှရက်စ်ထာဟာ မြေပြိုမှုကြောင့်မြစ်ရေလျှံပြီးနေအိမ်တွေအတွင်း ရွှံ့နွံနဲ့သဲတွေဖုံးလွှမ်းသွားခဲ့ရာမှ နေအိမ်အတွင်းပိတ်မိနေခဲ့တာဖြစ်ပါတယ်။
အဲဒီအမျိုးသမီးမှာ လက်ရှိအချိန်အထိ စကားပြောဆိုနိုင်တဲ့အနေအထားမှာ ရှိနေသေးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုကြပါတယ်။
သူ့ကိုလိုအပ်တဲ့ ဆေးဝါးကုသမှုတွေပေးနိုင်ဖို့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားပြီး အခြား ပျောက်ဆုံးနေသူတွေကိုလည်း နီပေါရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကပူးပေါင်းရှာဖွေနေကြပါတယ်။













