Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်မှာစစ်တွေမြို့နယ်ကစစ်ဘေးရှောင်လာတဲ့ စစ်ရှောင်အိမ်ထောင်စုခြောက်ဆယ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စက်တင်ဘာလ ၂၆ ရက်၊ဒီနေ့ တလစာ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ပါတယ်။
အဲဒီထောက်ပံ့မှုမှာ စစ်ရှောင်တဦးကိုတလစာဆန်ရိက္ခာအပြင် အိမ်ထောင်စုတစုကို ဆားတပိဿာနဲ့ ဆီတ လီတာစီထောက်ပံ့ပေးခဲ့တာပါ။
အာရက္ခဒေသကစစ်ရှောင်တွေအတွက်လည်း လာမယ့်လတွေမှာဆက်လက်ကူညီပေးသွားမယ်လို့ အာရက္ခအစိုးရရဲ့စစ်ဘေးရှောင်ကော်မတီကဆိုပါတယ်။
အဲဒီစစ်ရှောင်ကော်မတီကို ပါတီ၊ HDCO၊ အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးဌာနတို့ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။




















