Border News Agency
နမ္မတူ၊ စက်တင်ဘာ ၂၇။
တအာင်းပြည်၊နမ္မတူမြို့နယ်မှာ၊မိုင်းမုအုပ်စု၊မိုင်းမုကျေးရွာမှာ မီးကြိုးခိုးတဲ့အမျိုးသားသုံးဦးထဲမှ တဦးဓာတ်လိုက်သေဆုံးခဲ့ပြီး နှစ်ဦးကို တအာင်းပြည်မြို့နယ် ရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့ပါတယ်။
အသက်သုံးဆယ်လေးနှစ်အရွယ်ဦးအိုက်ပီးဟာ စက်တင်ဘာလ ၁၅ ရက်၊ မနက် ၁၁နာရီ ၁၁မိနစ်အချိန်ခန့်က မိုင်းမုကျေးရွာအပြင်ဘက်ရှိ မီးကြိုးတွေကိုခိုးယူဖို့အတွက် မီးလာနေတဲ့ကြိုးကိုညှပ်တဲ့ချိန်ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့တာပါ။
ဓာတ်လိုက်သေဆုံးသွားသူဦးအိုက်ပီးမှာ ဦးခေါင်းနဲ့ခန္ဓာကိုယ်ပေါ်ဒဏ်ရာရသွားခဲ့ပြီး ဘယ်ဘက်ခြေထောက်လည်း ကျိုးသွားခဲ့ပါတယ်။
သူ့နဲ့အတူအပေါင်းအပါဖြစ်တဲ့ အသက်သုံးဆယ်လေးနှစ်အရွယ် ဦးစိုင်းထက်အောင်နဲ့ အသက်သုံးဆယ်နှစ်နှစ်အရွယ် ဦးအိုက်ပန်ကို စက်တင်ဘာလ ၁၇ ရက်နေ့က တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဦးစိုင်းထက်အောင်နဲ့ဦးအိုက်ပန်ကို ဥပဒေနဲ့အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ တအာင်းတပ်မတော်ကထုတ်ပြန်ပါတယ်။










