Border News Agency
မကွေး၊စက်တင်ဘာ ၂၇။
မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ် အရှေ့မြောက်ပိုင်းရှိ လူနေကျေးရွာတွေကိုအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးကာငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဆောမြို့နယ်ရှေ့မြောက်ပိုင်ရှိ စစ်ဘေးရှောင်တွေနေတဲ့နေရာကို စက်တင်ဘာလ ၂၇ ရက်၊ဒီနေ့ ညနေ ၄ နာရီအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်လို့ အသက်နှစ်ဆယ်ကျော်အရွယ်အမျိုးသမီးတဦးနဲ့ အသက်သုံးဆယ်ခန့်အရွယ်အမျိုးသမီးတဦးတို့သေဆုံးခဲ့ပြီး နောက်ထပ်ငါးဦးမှာလည်းပြင်းထန်ဒဏ်ရာတွေရသွားခဲ့ကြပါတယ်။
အဲဒီအပြင်လူနေအိမ် သုံးလုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ရသလို တောင်ဘက်မလှမ်းမကမ်းရှိ အခြားကျေးရွာတရွာအနီးသို့လည်း ဗုံးတလုံးနဲ့ထပ်ပြီးတိုက်ခိုက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဆောမြို့နယ်နဲ့လောင်းရှည်မြို့နယ်အတွင်း တပ်ဖြန့်နေရာယူထားပြီး စစ်အုပ်ချုပ်ရေးယန္တရားပြန်လည်စတင်နိုင်ရေးအတွက် လေကြောင်းမှရွယ်ရည်ချက်ရှိရှိဆက်တိုက်တိုက်ခိုက်နေတာဖြစ်ပါတယ်။










