Border News Agency
အဥ္ဇနပူရ၊စက်တင်ဘာ ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အဉ္ဇနပူရမြို့နယ်၊စွန်ရဲရွာကို စက်တင်ဘာလ ၂၈ ရက်၊ဒီနေ့ မနက် ၇ နာရီအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သားရှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီစွန်ရဲရွာမှ အသက်လေးဆယ်သုံးနှစ်အရွယ်ဒေါ်မာမာအေး၊ အသက်ခုနှစ်ဆယ် အရွယ် ဦးမောင်ဦးဖြူ၊ အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် မပြုံးပြုံး၊ အသက်နှစ်ဆယ့်ကိုးနှစ်အရွယ် မောင်အေးကျော်မိုး၊ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် မောင်ကျော်ဝင်း၊ အသက် လေးဆယ်ငါးနှစ်အရွယ် မအေးဝင်းသိန်းနဲ့ တို့ဒဏ်ရာရသွားခဲ့ကြတာပါ။
အဲဒီအပြင် အသက်ဆယ့်သုံးနှစ်အရွယ် မောင်ဖြိုးဝေလင်း၊အသက်ဆယ့်ခြောက်နှစ်အရွယ် မောင်ဇော်မျိုးဦးလည်း ဒဏ်ရာရသွားခဲ့ကြပါတယ်။
ဒဏ်ရာရသူတွေထဲက ဒေါ်မာမာအေးဟာ ညာဘက်လည်ပင်းအနီး ဗုံးစထိမှန်ခဲ့သလို မောင်ဇော်မျိုးဦးမှာလည်း ခြေသလုံးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာ ကြောင့် လက်ရှိမှာ ဆေးကုသမှု ခံယူနေရပါတယ်။
အဲဒီအဉ္ဇနပူရမြို့ထဲကို စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ ခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးအရှုံးကြောင့် အရပ်သားတွေကို ရွယ်ရည်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့ အာရက္ခတပ်တော်က သတိပေးနှိုးဆော်ထားပါတယ်။













