Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်ရေး ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို စစ်တပ်ကနေ့စဉ်လေကြောင်းတိုက်ခိုက်နေ

ဓာတ်ပုံ-AA

ဓာတ်ပုံ-AA

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

​Border News Agency
ပုဏ္ဏားကျွန်း၊စက်တင်ဘာ ၂၈။

​အာရက္ခတပ်တော် (AA)ထိန်းချုပ်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလလ ၁ ရက်နေ့မှဒီနေ့ထိ နေ့စဥ်လေကြောင်းတိုက်ခိုက်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲ​ဒီရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊ပေါက်တော၊အမ်း၊ဂွ၊သံတွဲ စတဲ့မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်နေတာပါ။

အဲဒီလိုလေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူခြောက်ဦးသေဆုံးခဲ့ပြီး ဆယ့်ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ စက်တင်ဘာလ ၂၇ ရက်၊မနေ့က အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

အဲဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဥ်လိုလိုပြုလုပ်နေတာမို့ ဒေသခံပြည်သူတွေ စိုးရိမ်နေကြရတယ်လို့ ဆိုကြပါတယ်။

​”စစ်တပ်က ခုရက်ပိုင်းပိုပြီးလေကြောင်းကင်းထောက်တယ်။ ပြီးရင် အုပ်စုလိုက်လာတယ်။ ကြဲတယ်။ ညဉ့်နက်သန်း ခေါင်ကြီးတွေမှာပိုကြီးအဲလိုလုပ်တယ်။ကျမတို့ ပြည်သူတွေက ဘယ်အချိန်ဗုံးကျမလဲဆိုတာမသိရတော့ ညဆိုလည်းအိပ်လို့မရကြဘူး။”လို့ ပုဏ္ဏားကျွန်းမြို့ နယ်မှ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။

​အဲဒီအာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်နေသလို လက်နက်ကြီးတွေ၊အသေခံဒရုန်းတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်နေပါတယ်။

​အဲဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူနေအိမ်တွေအပါအဝင် စာသင်ကျောင်းတွေ၊ဆေးရုံ၊ဘုန်းကြီးကျောင်းတွေနဲ့ သမိုင်းဝင်ဘုရားပုထိုးတွေလည်းပျက် စီးခဲ့ပါတယ်။

အဲဒီအထဲမှာ ပင်လယ်ကမ်းစပ်အနီးနေရာတွေဟာ ကြည်း၊ရေ၊လေ ပူးပေါင်းပစ်ခတ်တာတွေကို ပိုခံနေကြရတယ်လို့ဒေသခံတွေက ဆိုကြပါတယ်။

​”ကျိန္တလီကိုသူတို့ ဒီရက်ပိုင်းအတွင်း လေကြောင်းကင်းထောက်ပြီးဗုံးကြဲတာ။ပြီးတော့ သံတွဲကိုဆိုရင်လည်း လေကြောင်းရယ်နေဗီတွေကရယ်ပစ်တာ။ ညဖက်တွေဆို အိပ်လို့တောင်မရဘူး။အမြဲသတိနဲ့နေရတယ်။”လို့ စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကိုပြောပါတယ်။

​စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ဒေသခံပြည်သူတွေမှာ စိုးရိမ်ထိတ်လန့်နေရပြီး ပုံမှန်လူနေမှုဘဝတွေရပ်တန့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

​အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးအရှုံးကြောင့် အရပ်သားတွေကို ရွယ်ရည်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်အထူးသတိပြုကြဖို့ အာရက္ခတပ်တော်ကသတိပေးနှိုးဆော်ထားပါတယ်။

PrevPreviousအဉ္ဇနပူရ​မြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးဒဏ်ရာရ
Nextအဥ္ဇနပူရကိုစစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)Next
Previous Post

အဉ္ဇနပူရ​မြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးဒဏ်ရာရ

Next Post

အဥ္ဇနပူရကိုစစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာရက္ခတပ်တော်(ပုံဟောင်း)

အဉ္ဇနပူရ​မြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးဒဏ်ရာရ

September 28, 2026
​ဓာတ်ပုံ - AA Info Desk

အာရက္ခဒေသအနှံ့စစ်တပ်ကြောင့် သမိုင်းဝင်ဘုရားသိမ်၊ကျောင်းတွေနဲ့အိမ်တွေပျက်စီး

September 28, 2026

ထုတ်ဖော်ပြောဆိုခွင့် ပျောက်ဆုံးနေဆဲ အာရက္ခဒေသက ဘဝတွေ

September 28, 2026
ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026
​ဓာတ်ပုံ - KNU

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

September 27, 2026

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

September 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page