Border News Agency
ကျောက်တော်၊စက်တင်ဘာ ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ကို စက်တင်ဘာလ ၂၈ ရက်၊ဒီနေ့ အာဏာသိမ်းစစ်တပ်ရဲ့ ဧလာလေတပ်က ထွက်ခွာလာတဲ့ Yak-130 စစ်လေယာဉ် နှစ်စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့ နေ့လည် ၁၂ နာရီ ၈ မိနစ်ခန့်မှာ ပထမစစ်လေယာဉ်တစီးလာရောက်ဝဲပျံခဲ့ပြီးနောက် ၁၂ နာရီ ၁၆ မိနစ်ခန့်မှာ ဒုတိယစစ်လေယာဉ်တစီး ထပ်မံရောက်ရှိလာကာတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အာဏာသိမ်းစစ်တပ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကို လေကြောင်းပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေလေကြောင်းအန္တရာယ်ကို အထူးသတိပြုဖို့လိုအပ်နေပါတယ်။










