Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၃၀။
ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနဲ့အနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားတဲ့ပြည်သူငါးဆယ်ဦးထဲက ပိုင်ရှင်မပေါ်သေးတဲ့ ရုပ်အလောင်းနှစ်ဆယ့်နှစ်လောင်းကို ULA/AA တပ်ဖွဲ့ဝင်တွေနဲ့ဝန်ထမ်းတွေက ကူညီ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
အဲဒီအိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးကို စက်တင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ကပေါင်ငါးရာဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့ကြောင့် ဈေးသည်တွေ၊ ကုန်တင်ကုန်ချလုပ်သားတွေနဲ့ လမ်းသွားလမ်းလာပြည်သူ ငါးဆယ်ဦးသေဆုံးပြီး ငါးဆယ့်ရှစ်ဦးဒဏ်ရာရရှိခဲ့တာပါ။
မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေထဲမှာ မီးလောင်ကျွမ်းသွားလို့ ဘယ်သူဘယ်ဝါမှန်း ခွဲခြားမရတော့တဲ့ အလောင်းတွေလည်းပါဝင်ပါတယ်။














