Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၃၀။
ကျောက်တော်မြို့ရှိ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်ကို စက်တင်ဘာလ ၂၈ ရက်၊ နေ့လည်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အာရက္ခတပ်တော်က စက်တင်ဘာလ ၂၉ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ မီးလောင်ကျွမ်းသွားလို့ ဘယ်သူဘယ်ဝါမှန်း ခွဲခြားမရသေးဘဲ စိစစ်ဆဲရုပ်အလောင်း အများအပြားပါဝင်နေပါတယ်။











