Border News Agency
ပုဏ္ဏားကျွန်း၊အောက်တိုဘာ ၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ လယ်မြေတွေအက်ကွဲပြီး စပါးပင်တွေခြောက်သွေ့ပျက်စီးနေတာကြောင့် ဒေသခံလယ်သမားတွေ အရေးပေါ်အကူအညီတွေ လိုအပ်နေကြပါတယ်။
အဲဒီစပါးခင်းတွေဟာ မိုးရေမလုံလောက်တဲ့အပြင် ရေသွင်းဖို့ပန့်စက်နဲ့စက်သုံးဆီပါအဆင်မပြေတာကြောင့် စပါးပင်တွေသေကြေပျက်စီးနေရတာပါ။
အာရက္ခဒေသမှာ လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့မှုတွေကြောင့် စက်သုံးဆီနဲ့စိုက်ပျိုးရေးပစ္စည်း စျေးနှုန်းတွေအဆမတန်တက်နေတာကလည်း လယ်သမားတွေကို ပိုမိုအခက်တွေ့စေပါတယ်။
စပါးအထွက်နှုန်းထိခိုက်ပြီး စားနပ်ရိက္ခာအခက်အခဲမကြုံရအောင် ရေတင်စက်၊စက်သုံးဆီ၊မြေသြဇာအပါအဝင် အကူအညီတွေထောက်ပံ့ပေးဖို့ လယ်သမားတွေက တောင်းဆိုနေကြပါတယ်။















