Border News Agency
မီဇိုရမ်၊ အောက်တိုဘာ ၈။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆဲလိန်းအရပ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ ခန့်မှန်းတန်ဖိုးအိန္ဒိယရူပီတစ်ဒသမခုနှစ်ကုဋေကျော်တန်ဖိုးရှိ ကွမ်းသီးနဲ့ဘိန်းစေ့တွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ အိုက်ဇောလ်ခရိုင်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး အောက်တိုဘာလ ၈ ရက်နေ့ကသတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ဆဲလိန်းအရပ်မှာမသင်္ကာဖွယ် ကုန်တင်ယာဉ်နှစ်စီးကို ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီကုန်တင်ယာဉ်တွေပေါ်ကနေ ရူပီတစ်ဒသမ သုညသုံးကုဋေတန်ဖိုးရှိ ကွမ်းသီးနှစ်ရာ့တဆယ်အိတ်နဲ့ ရူပီးခုနှစ်ဆယ့်နှစ်သိန်းတန်ဖိုးရှိ ဘိန်းစေ့ကိုးဆယ်အိတ်တို့ကို သိမ်းဆည်းရမိခဲ့တာပါ။
အဲဒီအပြင်ယာဉ်ပေါ်ပါလာတဲ့ သံသယရှိသူ အမျိုးသား နှစ်ဦးကိုလည်း နေရာမှာပင် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ တရားမဝင်ကုန်ပစ္စည်းတွေနဲ့ ကုန်တင်ယာဉ်တွေကို ဥပဒေအတိုင်းအရေးယူနိုင်ဖို့ သက်ဆိုင်ရာ အကောက်ခွန်ဦးစီးဌာနဆီလွှဲပြောင်းပေးထားပါတယ်။








