Border News Agency
စစ်တွေ၊အောက်တိုဘာ ၁၆။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကို အာ
ဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကထပ်ခေါ်လိုက်ပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တဆယ့်တနှစ်မြောက် နှစ်ပတ်လည်နေ့မှာစ စ်ခေါင်းဆောင်ပြောတာပါ။
ပြီးခဲ့တဲ့ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပြန်ပါဝင်ဖို့ ဖိတ်ခေါ်သလို PDF တွေကိုလည်း အကြမ်းမဖက်ဘဲ ဥပဒေဘောင်အတွင်း ဝင်ရောက်ကြဖို့ တိုက်တွန်းထားပါတယ်။
အဲဒီအပြင် NCA စာချုပ်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဓိကမူဘောင်ဖြစ်တာကြောင့် သက်ဆိုင်သူအားလုံးအနေနဲ့ ရှိပြီးသား ကတိကဝတ်တွေကို အလေးထားလိုက်နာကြဖို့ စစ်ခေါင်းဆောင်ကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ဟာ ငြိမ်းချမ်းရေးကိုဆက်တိုက်ဖိတ်ခေါ်နေပေမယ့်
မြေပြင်မှာတော့ တိုင်းရင်းသားဒေသတွေအပါအဝင် တနိုင်ငံလုံးရှိအရပ်သားပြည်သူတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို လေကြောင်းတိုက်ခိုက်နေပါတယ်။
အဲဒါကြောင့် စစ်တပ်ရဲ့ငြိမ်းချမ်းရေး စကားလုံးတွေနဲ့ မြေပြင်ပုံရိပ်မှာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး စစ်ရေး အကြပ်အတည်းမှ ရုန်းထွက်ဖို့နဲ့ နိုင်ငံတကာ ဖိအားတွေကိုလျှော့ချဖို့အတွက်ရည်ရွယ်တဲ့ ဟန်ပြဖိတ်ခေါ်မှုသာ ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကထောက်ပြကြပါတယ်။










